BEC-TERO TV

Police Tero အသင်းကို အောင်သူရဲ့သွင်းဂိုးတွေနဲ့ တန်းဆင်းဇုံမှကယ်ထုတ်နိုင်မှာလား ?

20 Sep 2018     1,298 Views


 ဒီအပါတ်စနေ့နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ အချိန်မှာ Police Tero အသင်းနှင့် ထိုင်းထိပ်သီးကလပ်  Buriram  United အသင်းတို့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါတယ်။ ထိုင်းကလပ် Police Tero အသင်းသည်လက်ရှိအချိန်မှာ ရမှတ် ၃၃ မှတ်နှင့် အဆင့် ၁၅ နေရာမှာရောက်ရှိနေတာဖြစ်ပြီး တန်းဆင်းဇုံမှလွတ်မြောက်ရန် လက်ကျန် ၄ ပွဲကို မဖြစ်မနေ ရမှတ်ရယူသွားဖို့လိုအပ်နေတာဖြစ်ပါတယ်။

ယခုအပါတ်မှာတော့ အဆင့် ၁ နေရာမှ ဘူရီရန်အသင်းကို သွားရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ပါတယ်၊ ဘူရီရန်အသင်းက ရမှတ် ၇၅ မှတ်နှင့် အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး ထိုင်းပရီးယားလိဒ် အမှတ်ပေးချန်ပီယံ ဖြစ်ဖို့ ရမှတ် ၄ သာမှတ်သာလိုပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။

ပထမအကျော့မှာ Buriram အသင်းကို မြန်မာလက်ရွှေးစင်နှင့် Police Tero အသင်း တိုက်စစ်မှူးအောင်သူ က ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်၊အောင်သူဟာ ရတနာပုံအသင်းမှ Police Tero အသင်းကို အငှားသွားရောက်ကစားနေတာဖြစ်ပြီး Police Tero အသင်းအတွက် လက်ရှိအချိန်မှာ ၂၈ ပွဲကစား ၁၁ ဂိုးသွင်း ၈ ကြိမ်အထိဖန်တီးမှု ပေးနိုင်ခဲ့တာဖြစ်ပါတယ်၊ လက်ရှိPolice Tero အသင်းမှာ ဂိုးအများဆုံးသွင်ထားနိုင်သူများ မိုက်ကယ် နာဒရီ ၃၀ ဂိုး၊ မာကိုစ့် ဗီနီဆီးရက်စ် က ၁၂ ဂိုးနှင့် အောင်သူက ၁၁ သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

Police Tero အသင်း၏လက်ကျန်ကစားရမည့် ပွဲစဉ်များ

Buriram  United ( Away)

Ratchaburi F.C (Home)

Siam Navy  (Away)

Prachuap (Home) တို့ဖြစ်ပါတယ်။

 

 

 


20 Sep 2018     1,298 Views




RELATED

Most Popular of Football

Most Popular of NEWS