BEC-TERO TV

သားအမိတွေလို့ စွပ်စွဲ ခံနေရတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်းတို့မောင်နှမ

20 Sep 2018     1,377 Views


ကမ္ဘာကျော် သရုပ်ဆောင်မင်းသမီး ဖန်ဘင်းဘင်း ဟာ လက်ရှိအခြေအနေမှာ နိုင်ငံတော် အခွန်ရှောင်မှုနဲ့ တရားစွဲဆိုခံထားရပါတယ် လို့ တရုတ်သတင်းမီဒီယာ

ဝက်ဘ်ဆိုက်ဒ် တွေက ဖော်ပြထားပါတယ်။ ဘင်းဘင်းတစ်ယောက် အနုပညာလောက ကနေပျောက်ဆုံးနေတာ ရက်ပေါင်း ၁၀၇ ရက်ခန့်ရှိပါပြီ။

အပင်မြင့်လေ လေတိုက်လေ ဆိုတဲ့စကားပုံအတိုင်း သူမ နာမည်ကြီးလာလေ လေ သူမကို အပုတ်ချတဲ့လူတွေကပိုများလာလေလေ ဖြစ်နေပါတယ်။

ဘင်းဘင်းမှာ အသက် ၁၈ နှစ်တိတိ ကွာတဲ့ ဖန်းချန်းချန် လို့ခေါ်တဲ့ မောင်တစ်ယောက်ရှိပါတယ်။ မောင်ဖြစ်သူနဲ့ အသက်အများကြီးကွာတာမို့လို့ သူမတို့ ဟာမောင်နှမ မဟုတ်ပါဘူး သားအမိတွေပါ လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဘင်းဘင်းဟာ သူဌေး တစ်ယောက်ဆီက ငွေချူရင်းနဲ့ ရခဲ့တဲ့ သားဖြစ်တယ်လို့လဲ ဆိုကြပါတယ်။

ဒါကြောင့်သူမ ဟာမောင်ဖြစ်သူကို ကလေးဘဝတည်းက တရုတ်ပြည်မှာ မနေစေတော့ပဲ ကိုးရီးယားကိုပို့ထားခဲ့ပါတယ်။

၂၀၁၈ ဇန်နဝါရီ လလယ်လောက်မှာ ထုတ်လွှင့်တဲ့ တရုတ်ပြည်ရဲ့ တီဗွီအစီအစဉ် Idol Producer ဆိုတဲ့ အဆိုပြိုင်ပွဲ မှာမောင်ဖြစ်သူပါဝင်ခဲ့ပါတယ်။ ထိုအခါမှသာ  သူမရဲ့ မောင်ဖြစ်ကြောင်းထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲ ပြိုင်နေစဉ်အတောအတွင်းမှာ လည်းမောင်ဖြစ်သူဟာ နည်းမျိုးစုံတွေနဲ့ နှိပ်စက်နေတဲ့ မလိုသူတွေရဲ့ စကားသံတွေကို ကြားနေရတဲ့ အတွက်စိတ်ဓာတ်တွေ အကြီးအကျယ် ကျခဲ့ရပါတယ်။ ‘အစ်မရဲ့ အရှိန်အ၀ါနဲ့ တက်လာတာ တကယ်က ဘာအရည်အချင်းမှမရှိ ဘူး’

‘သူတို့နှစ်ယောက်က မောင်နှမအရင်းမဟုတ်ဘူး သားအမိတွေ ဒီလောက်အသက်ကွာ နေတာကြည့်ပါလား’

 

အစရှိတဲ့ ဝေဖန်သံမျိုးစုံကို မောင်ဖြစ်သူဟာ မကြားချင်ပဲ ကြားနေခဲ့ရပါတယ်။ ချန်းချန်ဟာ တခြားကလေးတွေနဲ့ မတူပဲ ငယ်ငယ်တည်းက မလိုသူတွေရဲ့ ဝေဖန်သံတွေ ကဲ့ရဲ့သံတွေကြားမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူတစ်ခုခုအမှား လုပ်မိလို့ သူ့အစ်မနာမည်ကို ထိခိုက်မှာစိုးတဲ့ အတွက် အမြဲအမှား မရှိအောင် နေထိုင်တဲ့ကလေးတစ်ယောက်ပါ။ 

ဘင်းဘင်းဟာ လည်း သူ့မောင်ကို သူ့သားပါလို့ ဝေဖန်ခံထားရတဲ့အတွက် ချစ်ချင်တာတောင် လူတွေရှေ့မှာ ချစ်ပြခွင့်မရခဲ့ပါဘူး။ အခုတော့ ချန်းချန်ဟာ idol producer ပြိုင်ပွဲ ရဲ့ စကားတင် ကိုးယောက်မှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အဖွဲ့ နာမည်က Nine Percent ဖြစ်ပြီး ချန်းချန် ဟာသူ့ရဲ့ အနုပညာ လှုပ်ရှားမှုများကို အဖွဲ့နဲ့အတူ ဆက်လက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။

 


20 Sep 2018     1,377 Views




RELATED

Most Popular of Special or Others

Most Popular of NEWS