BEC-TERO TV

စာသင်ကျောင်းမှာ သရဲနဲ့စကားပြောတဲ့ ကလေး ရုပ်သံပျံ့နှံ့

21 Sep 2018     1,694 Views


ထိုင်းနိုင်ငံ ဆောင်ခလာမှာရှိတဲ့ စာသင်ကျောင်းတစ်ခုမှာ သမီးဖြစ်သူကို ကျောင်းသွားကြိုခဲ့တဲ့ မိခင်တစ်ဦးက သူမရဲ့ သမီးလေးဟာ တစ်ယောက်ထဲ စကားတွေအပြန်အလှန်ပြောနေခဲ့တာ တွေ့ခဲ့ပြီး ကြက်သီးထစရာ ဒီအဖြစ်ပျက်ကို ဗီဒီယိုမှတ်တမ်းတင်ကာ သူမရဲ့ လှုမှုကွန်ယက်ပေါ် တင်ခဲ့ရာက ခဏအတွင်းမှာပင် ကြည့်ရှုသူ ၄.၃သန်းကျော် ရှိနေခဲ့ပြီး ဝင်ရောက်ရေးသားသူ ပြန်လည်မျှဝေသူတွေ ပြည့်နှက်နေခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က သမီးကို ကျောင်းသွားကြိုစဉ် မိုးတွေသည်းလာတာကြောင့် အိမ်မပြန်ကြသေးပဲ ကျောင်းထဲမှာ မိုးတိတ်အောင် စောင့်ရင်း ညနေအတော်စောင်းသွားခဲ့ပါတယ်။ ကျောင်းထဲမှာလည်း ဘယ်သူမှ မရှိတော့သလောက်ပါပဲ။
အဲဒီအချိန်မှာ သမီးလေးက ကျောင်းက လှေကားနား ကွန်ပျူတာအခန်းရှေ့မှာ တစ်ယောက်ထဲ စကားပြောနေတာကို ထူးထူးဆန်းဆန်း တွေ့ရတာကြောင့် သမီးဘယ်သူနဲ့ စကားပြောနေတာလဲလို့ မေးလိုက်ပါတယ်။

သမီးက သူ့ရဲ့သူငယ်ချင်းနဲ့ စကားပြောနေတာလို့ ပြောလိုက်ချိန်မှာ မိခင်ဖြစ်သူ ထိတ်လန့်သွားပြီး သူမရဲ့ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ သမီးကို မေးခွန်းတွေမေးခဲ့ပါတယ်။ မိခင်က သမီးကို ဘယ်သူမှလည်း မရှိပါဘူး၊ ဒီနားမှာ မေမေနဲ့ သမီးပဲ ရှိတယ်လို့ ပြောလိုက်စဉ် သမီးက ရှိတယ်လေ ဟိုမှာ ဖိနပ်ပန်းရောင် ဝတ်ထားတဲ့ ကလေးလေးလို့ ပြောလိုက်တော့ မိခင်ဖြစ်သူ အရမ်းထိတ်လန့်သွားပြီး သမီးကို ဆက်မပြောနဲ့တော့နော် မေမေရိုက်မှာလို့ ပြောလိုက်ပါတယ်။

ထိုအခါ သမီးက သူလည်းလိုက်ချင်တယ်လို့ ပြောနေတယ် ဆိုတဲ့အခါမှာတော့ အတော်လေး တုန်လှုပ်သွားပြီး သမီးပြောလိုက်နော် မေမေတို့ကားမဆံ့လို့ လိုက်လို့မရဘူး နောက်နေ့မှ ပြန်လာမယ်လို့ ပြောခိုင်းလိုက်ပါတယ်။ သမီးလေးက မိခင်ပြောတဲ့အတိုင်း ပြန်ပြောလိုက်ချိန်မှာ ကလေးသံလေးနဲ့ “ဟုတ်ကဲ့” ဆိုတာကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရပါတယ်။

ဗီဒီယိုကိုကြည့်ပြီး ဝင်ရောက်ရေးသားသူ တစ်ယောက်က ကလေးဟာ သူ့ရဲ့စိတ်ကူးထဲက သူငယ်ချင်းနဲ့ စကားပြောနေတာလည်း ဖြစ်နိုင်ကြောင်း ရေးသားတဲ့အခါ အခြား တစ်ယောက်က ဒါဆိုရင် “ဟုတ်ကဲ့” ဆိုတဲ့ အသံက ဘယ်သူပြောတာလဲလို့ ပြန်ရေးတဲ့အခါ ဘယ်သူမှ ပြန်မဖြေနိုင်တော့ပါဘူး။

ကြက်သီးမွှေးညှင်းထစရာ ဗီဒီယိုလေးကို မြန်မာဘာသာပြန်နဲ့ ကိုယ်တိုင်သာ ဝင်ကြည့်ပြီး ဆုံးဖြတ်ပေးကြပါဦး။


 


21 Sep 2018     1,694 Views




RELATED

Most Popular of Special or Others

Most Popular of NEWS