BEC-TERO TV

မိန်းကလေးအသံနှင့် တစ်ထပ်တည်းတူအောင်သီဆိုနိုင်သော ယောင်္ကျားလေး

21 Sep 2018     1,339 Views


တောင်ကိုးရီးယားနိုင်ငံရဲ့ ရုပ်သံလွှင့်ဌာန ဖြစ်တဲ့ JTBC မှပြုလုပ်သော Hidden Singer ဆိုတဲ့ TV အစီအစဉ်ဟာ အရမ်းကိုအောင်မြင်ပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။

ထိုအစီအစဉ်၏ အပိုင်းတစ်ပိုင်းတွင် အဆိုတော်တစ်ဦး ပင်တိုင်ပါရှိပြီး သူနှင့်အတူ တွဲဖက်သီဆိုရန် အနုပညာရှင်မဟုတ်သော အဆိုရှင် သုံးယောက် (သို့) နှစ်ယောက်ပါရှိပါတယ်။ သီဆိုသော အဆိုရှင်များဟာ ကန့်လန့်ကာ အနောက်မှနေ ပြီး သီချင်းကို သီဆိုရပါတယ်။

တွဲဖက်သီ ဆိုရသော အဆိုရှင်များက မူရင်း အဆိုတော်နှင့်အသံဆင်တူအောင် သီဆိုပြီး ပရိတ်သတ်ကို ခွဲခြားမရဖြစ်အောင်လုပ်ရပါတယ်။

အဆိုရှင်တစ်ယောက်ချင်းစီ ကိုနံပါတ် တစ်၊နှစ်၊သုံး၊လေး အနေနဲ့ သတ်မှတ်ထားပြီး ကြည့် ရှုသူပရိတ်သတ်များက တကယ့်မူရင်းအဆိုတော်က ဘယ်သူဆိုတာ ခန့်မှန်းရမှာဖြစ်ပါတယ်။

ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲတွေမှာအောင်မြင်ကျော်ကြား ဇာတ်ဝင်သီချင်းပေါင်းများစွာကို သီဆိုထားတဲ့ အမျိုးသမီးအဆိုတော်  Lyn ဟာ Hidden Singer တီဗွီအစီအစဉ်ကို လာရောက်ပါဝင်ခဲ့ပါတယ်။ သူမနဲ့ အတူ တွဲဖက် သီဆိုရသော အဆိုရှင်များထဲမှာ ယောင်္ကျားလေးတစ်ယောက်ပါဝင်နေ ခဲ့ပြီး သူမအသံနှင့် တစ်ထပ်တည်းတူအောင်ဆိုနိုင်တဲ့အတွက် ကြည့်ရှုတဲ့ပရိတ်သတ်များတောင်ရှော့ခ် ရသွားခဲ့ပါတယ်။

အစီတင်ဆက်သူ များက အဆိုရှင်တွေထဲမှာ ယောင်္ကျားလေးတစ်ယောက်ပါဝင်တယ် ဆိုတဲ့အကြောင်းပရိတ်သတ်များကို အရိပ်အမြွက်ပေးတဲ့အနေနဲ့ ပြောကြားခဲ့သော်လည်း သူ့အသံက လုံးဝ မိန်းမအသံနဲ့တူနေတဲ့အတွက် ဘယ်သူကမှ ယောင်္ကျားလေးလို့ သတိမထားမိခဲ့ကြပါဘူး။

 

 


21 Sep 2018     1,339 Views




RELATED

Most Popular of Special or Others

Most Popular of NEWS