BEC-TERO TV

အသက်သုံးနှစ်သာ ရှိသေးပေမယ့် ဘာသာစကားလေးမျိုးပြောနိုင်သော ကလေးလေး

01 Oct 2018     43,037 Views


မင်္ဂလာပါ Popolay ပရိတ်သတ်ကြီးရေ

တောင်ကိုးရီးယား နိုင်ငံ ရဲ့ ရုပ်သံဌာန တစ်ခုဖြစ်တဲ့ KBS က ထုတ်လွှင့်သော The return of superman အစီအစဉ်ဟာ ဆိုရင် ဂျူမုံ ရဲ့ အမွှာသား သုံးယောက်နဲ့ကြောင့် စတင်ပြီးပေါ်ပြူလာ ဖြစ်လာခဲ့တာပါ။ အဆိုပါ အစီအစဉ်ဟာဆိုရင်ဖြင့် တောင်ကိုးရီးယား ရှိ  အဆိုတော်၊ သရုပ်ဆောင်မင်းသား၊ ဘောလုံးသမား၊ လက်ဝှေ့ သမား အစရှိတဲ့ နာမည်ကြီး celebrity ဖခင်တွေက မိခင်(ဇနီးဖြစ်သူ )အကူအညီပါပဲ သူတို့သားသမီးတွေကို ဘယ်လို ထိန်းသိမ်း စောင့်လျှောက် သလဲ ဆိုတာ ပြသတဲ့ တီဗီအစီအစဉ် တစ်ခုဖြစ်ပါတယ်။

ယခုလက်ရှိ မှာတော့ the return of superman ရဲ့ ကလေးလေးတွေထဲကမှ ဘောလုံးသမား ပတ်ဂျူဟို ရဲ့ သမီးဖြစ်သူ နာအွန်းလေးဟာ ပရိတ်သတ်များရဲ့ အချစ်တွေကို အပိုင်သိမ်းထားသူဖြစ်နေပါတယ်။ ကိုးရီးယား လူမျိုးဖခင်နဲ့ ဆွစ်ဇာလန် နိုင်ငံသား မိခင်တို့မှ မွေးဖွားလာသော နာအွန်းလေးဟာအသက်သုံးနှစ်သာ ရှိသေးပေမဲ့ ဘာသာစကား လေးခုလောက်ကို ကျွမ်းကျင်စွာပြောတတ်နေပါပြီ။ မိခင်ဘက်မှ အဖိုးဖြစ်သူက ဂျာမန်လူမျိုးဖြစ်ပြီး အဖွားဖြစ်သူကတော့ စပိန်လူမျိုးဖြစ်ပါတယ်။ နာအွန်းဟာ သူ့အမေနဲ့ စကားပြောရင် ဂျာမန်(သို့) အင်္ဂလိပ်ဘာသာစကား နဲ့သာ ပြောလေ့ရှိပါတယ်။ အဖွားဖြစ်သူနဲ့ ဆိုရင် စပိန်လို ပြောလေ့ရြှိ့ပီး အဖေဖြစ်သူနဲ့ကတော့ ကိုးရီးယားလိုပဲပြောပါတယ်။

‘ကြည့်ရတာ နာအွန်းက ဘယ်သူနဲ့ဆိုရင် ဘယ်ဘာသာ စကား ပြောရမလဲ ဆိုတာ မှတ်ထားတဲ့ပုံပဲ သူ့အဖိုးအဖွားတွေနဲ့ မတွေ့ရတာကြာလဲ စပိန်စကားတွေကိုမေ့မသွားဘူး အဘွားနဲ့ ပြန်တွေ့ရင် စပိန်လိုကောင်းကောင်းပြန်ပြောနိုင်သေးတယ်။’ ဟု အဖေဖြစ်သူ ပတ်ဂျူဟိုက ဆိုထားပါတယ်။ သုံးနှစ်ကျော်ကျော်သာ ရှိသေးပေမဲ့ ဘာသာစကား လေးခုလောက်ကို ကျွမ်းကျင်စွာပြောတတ်နေတဲ့ သမီးငယ်အတွက် အရမ်းကို ဂုဏ်ယူမိကြောင်း ပြောထားပါတယ်။


01 Oct 2018     43,037 Views




RELATED

Most Popular of Special or Others

Most Popular of NEWS