BEC-TERO TV

ကစားသမားဘဝ ကနေ အပြီးတိုင်အနားယူပြီဖြစ်တဲ့ ချလ်ဆီးသူရဲကောင်း ဂျွန်တယ်ရီ

08 Oct 2018     1,292 Views


ချဲလ်ဆီး ရဲ့ စစ်မှန်တဲ့အသင်း ခေါင်းဆောင်ဟောင်းကြီး ၊ ဂန္ထ၀င်ကြီး ဂျွန်တယ်ရီ က တော့ ဘောလုံးကစား ခြင်းက နေ အပြီး တိုင် အနားယူလိုက် ပြီ လို့ တရား ၀င် ကြေငြာသွားခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် သတင်း တွေထွက် ပေါ်နေတဲ့ အတိုင်းအက်စ်တွန်ဗီလာ အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ်လုပ်ကိုင် ဖို့ နီးစပ် လာပြီလို့သုံးသပ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

တယ်ရီဟာ ပြီးခဲ့တဲ့ ရာသီအကုန်တုန်း က အက်စ်တွန်ဗီလာ အသင်း နဲ့ လမ်းခွဲလာခဲ့ သူ ဖြစ်ပြီး အဆိုပါ အချိန် ကတည်းက အသင်းသစ် ကို မရှာဖွေခဲ့ပါဘူး ။ လက်ရှိ အသက် ၃၇ နှစ် ရှိပြီ ဖြစ် တဲ့ တယ်ရီ ဟာ ဘောလုံး အသင်းတစ်သင်း မှာ နည်းပြ ဘ၀ ကို စတင် ဖို့ရည်မှန်းနေပြီ ဖြစ်ကာ အေလိုင် စင်ရရှိဖို့ အတွက် လည်းစတင် လေ့လာတောာ့မယ် လို့ ထုတ် ဖော် ပြော ဆို ခဲ့ ဖူး ပါတယ် ။ ဘောလုံးကစားသမား ဘဝ ၂၃ နှစ်တိုင်ကျင်လည်ခဲ့တဲ့ တယ်ရီဟာ ကျွှန်တော် အတွက်တော့ ခင်ဗျာ တို့ကအကောင်းဆုံးပရိတ်သတ်တွေဖြစ်ပြီး ချလ်ဆီး ဂျာစီနှင့် အသင်းခေါင်းဆာင် လတ်ပတ် ကို ဆင်မြန်းခွင့် ရလို့လည် ဂုဏ်ယူမိပါတယ် လို့ပြောပါတယ်။

ကျွန်တော့ ကစားသမား ဘ၀ နဲ့ နှလုံးသားဟာ ချဲလ်ဆီး မှာ အမြဲတမ်း ရှိ နေ မှာပါ ။ လူငယ်ဘ၀ တုန်းက အငှားကစားခဲ့ဖူးတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်း ကိုလည်း ကျွန်တော့ ဘ၀ ရဲ့ တိုးတက်ဖို့ လမ်းစတွေ ကိုရှာဖွေပေးခဲ့တဲ့ အသင်းတစ်သင်း အဖြစ် အမှတ်ရနေဦး မှာပါပဲ”

“ကျွှန်တော့် အတွက်နောက်ထပ်စာမျက်နှာ အသစ် စတင်ပါပီ။ စိန်ခေါ်မှုတွေလည်း စောင်ကြိုနေပါပီ “ လို့ပြောပါတယ်..

တယ်ရီဟာ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ၊  FA cup  ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ ယူရိုပါလိဂ် ၁ ကြိမ်နဲ့ ပရီးမီးယားလိဂ် နောက်ခံသူတွေမှာ ဂိုးသွင်းများဆုံး ကစားသမား အဖြစ်ရပ်တည်နေပါတယ်။

Captain leader legend

 


08 Oct 2018     1,292 Views




RELATED

Most Popular of Football

Most Popular of Sport