BEC-TERO TV

English is Fun (Episode 181)

04 Aug 2015     1,909 Views


ဒီနေ့အတွက် စာသုံးသစ်တွေဖြစ်တဲ့ Desert - သဲကန္တာရ ၊ Beach - ကမ်းခြေ၊ Ocean - ပင်လယ် တို့ကို သင်ပြီးပြီဆိုတော့ ဒီနေ့အတွက် လက်တွေ့သင်ကြားမှုလေးစလိုက်ရအောင်။ ဒီနေ့လုပ်မှာကတော့ ရေသန့်ဘူးထဲက ပင်လယ်လေးပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ - ရေသန့်ဘူးတစ်ဘူး၊ လက်ဆောင်ပစ္စည်းတွေ ထုပ်ရင်သုံးတဲ့ wrapping paper ရောင်စုံ ၊ ကပ်ကြေး တို့ပဲဖြစ်ပါတယ်။ ရေသန့်ဘူးထဲမှာ ရေကို ၃ပုံ၂ပုံထည့်ပြီး ဆီအနည်းငယ်ထည့်ပါ။ wrapping paper ကို ငါးပုံမျိုးစုံ၊ ပင်လယ်သတ္တ၀ါပုံမျိုးစုံညှပ်ပါ။

ညှပ်လို့ပိုတဲ့အစလေးတွေကို အချောင်းသေးသေးလေးတွေဖြတ်ပါ။ ရေနဲ့ဆီထည့် ထားတဲ့ ရေသန့်ဘူးကို အပေါ်၊အောက် လှုပ်ပေးပါ။ ပြီးရင် ပင်လယ်သတ္တ၀ါပုံညှပ်ထားတဲ့ wrapping paper လေးတွေနဲ့ အချောင်းသေးသေးလေးတွေညှပ်ထားတဲ့ အစလေးတွေကို ရေဘူးထဲထည့်ပါ။ ရေဘူးအကြီး၊ အသေးပေါ်မူတည်ပြီးထည့်ပါနော်။

ရေဘူးသေးသေးလေးထဲမှာ ပုံတွေအများကြီးထည့်လိုက်ရင် မလှတော့ဘူး။ အားလုံးစိတ်ကြိုက်ထည့်ပြီးပြီဆိုရင်တော့ ရေဘူးအဖုံးကို တင်းတင်းပိတ်ပြီး အနည်းငယ်လှုပ်ပေးပါ။ ပင်လယ် သတ္တ၀ါလေးတွေ ကူးခတ်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ 


04 Aug 2015     1,909 Views




RELATED

Most Popular of ENGLISH IS FUN

Most Popular of Kids & Family