BEC-TERO TV

America music awards(AMAs) ပွဲကိုတက်ရောက်လာတဲ့ NCT 127

11 Oct 2018     1,752 Views


တောင်ကိုးရီးယားနိုင်ငံ တက်သစ်စ လူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ NCT 127 ဟာ ယမန်နေ့ အောက်တိဘာလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံ၊ ကယ်လီးဖိုးနီးယားပြည်နယ်၊လော့စ်အိန်ဂျလိစ် မြို့ရှိ Microsoft ကပွဲရုံတွင် ကျင်းပပြုလုပ်သော America music awards (AMAs) ကိုတက်ရောက်ခဲ့ပါတယ်။

ထိုပွဲကို အာရှမှအနုပညာရှင်များဖြစ်တဲ့ Tiffany (ယခင် Girls’ Generation အဖွဲ့ဝင်ဟောင်း) နှင့် Kris Wu (ယခင် Exo အဖွဲ့ဝင်ဟောင်း)တို့လဲတက်ရောက် ခဲ့ကြပါတယ်။

NCT 127 ကသူတို့ ဒီပွဲကိုတက်ရောက်ခြင်းဟာ အမေရိကသို့ ပထမဆုံးထိုးဖောက်ဝင်ရောက်ဖို့ ခြေလှမ်းစတင်ခြင်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

ထိုပွဲကို NCT 127 အဖွဲ့ဝင်များဖြစ်တဲ့ Taeyong,Jonny,Yuta,Doyoung,Jaehyun, Winwin,Taeil,Kun,Mark,Haechan တို့က တက်ရောက်ခဲ့ကြပါတယ်။

NCT 127 ဟာဆိုရင် NCT အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်ပါတယ်။ NCT ရဲ့ နာမည်အရှည်ကောက်ကတော့ Neo Culture Technology ဖြစ်ပြီး အဖွဲ့ ဝင်များကတော့ လူဦးရေအကန့်အသတ်မရှိထည့်သွင်းသွားမှာဖြစ်တယ်လို့ NCT ရဲ့ အေဂျင်စီဖြစ်တဲ့ SM entertainment ကပြောကြားထားပါတယ်။ NCT မှာ NCT U, NCT 127 နဲ့ NCT dream ဆိုပြီး အဖွဲ့ခွဲများစွာရှိတဲ့ထဲကမှ NCT 127 ကိုသာ America Music Awards သို့တက်ရောက်ခွင့်ပေးခဲ့တာံ ဖြစ်ပါတယ်။

AMAs ရဲ့ red carpet (ကော်ဇောနီ) မှာတော့ NCT 127 ဟာ အင်တာဗျူး မေးခွန်းအချို့ကိုဖြေကြားခဲ့ပါတယ်။ AMAs ကိုတက်ရောက်ရတဲ့အတွက် ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါမှာတော့ အဖွဲ့ဝင် Mark (မာ့ခ်) က

“ဒီ AMAs ပွဲကြီးကိုတက်ရောက်ဖို့ဆိုတာ ကျွန်တော့်ရဲ့ ငယ်ဘဝအိမ်မက်တစ်ခုလိုပါပဲ။ ဒီနေရာမှာရပ်နေရတာကိုက ဂုဏ်ယူစရာကောင်းနေပါပြီ။ ကျွန်တော်တို့ရဲ့ ပရိတ်သတ်ကြီးကိုလဲ အရမ်းကျေးဇူးတင်ပါတယ်။ ဒီအချိန် ခဏတာလေးမှာ ဒီတိုင်းလေးကို ကျေနပ်ပါတယ်” လို့ ဖြေကြားထားပါတယ်။

ပြီးတော့ သူတို့ ရဲ့ လောလောလတ်လတ်အသစ်ထွက်ရှိထားတဲ့ Regular ဆိုတဲ့ သီချင်း ဗွီဒီယို (music video )အ ကြောင်းကိုလဲမိတ်ဆက်ခဲ့ပါသေးတယ်။

Regular သီချင်းဟာဆိုရင် ကိုးရီးယားဘာသာနဲ့ သီဆိုထားတာမဟုတ်ပါဘူး။ နိုင်ငံတကာက ပရိတ်သတ်တွေအတွက် အင်္ဂလိပ်လိုသီဆိုထားခြင်း ဖြစ်ပါတယ် လို့လဲရှင်းပြထားပါသေးတယ်။

သီချင်းဗွီဒီယို(Music video)ကလဲ ကျွန်တော်တို့ SMTown ရဲ့ Youtube Channel မှာ တင်ထားပြီးပြီမို့ သွားရောက်ကြည့်ရှုနိုင်ပါတယ်လို့လဲဆိုထားပါတယ်။

နောက်တဖန် NCT 127 ဟာ နောက်နောင်များအခွင့်အရေးရှိခဲ့ရင် အမေရိကရဲ့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ Ty Dollar $ign, Post Malone , Camila Cabello တို့နဲ့ collaboration (ပူးပေါင်းဖျော်ဖြေမှု) မျိုးကိုလုပ်ချင်ပါတယ်လို့ပြောကြားထားပါတယ်။

တဖန် အမေရိကမှာ နာမည်ကြီးပြီးသားဖြစ်သော BTS အဖွဲ့ဟာလဲ AMAs ပွဲကို မတက်ရောက်နိုင်ခဲ့ပေမယ့် Favourite Social Artist Award ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ သူတို့ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့အတွက် AMAs မှာဆုယူဖို့ မလာနိုင်ခဲ့တာဖြစ်ပါတယ်။

NCT ရဲ့ နိုင်ငံတကာပရိတ်သတ်များနဲ့ ကိုးရီးယားပရိတ်သတ်များကလဲ NCT ကို BTS လိုမျိုး ဟောလိဝုဒ်မှာနာမည်ကြီးလာလေမလားလို့ ထင်ကြေးပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ NCT ထဲမှ အဖွဲ့ဝင် Mark ဟာငယ်စဉ်က လော့စ်အိန်ဂျလိစ်မှာနေထိုင်ကြီးပြင်းခဲ့ပြီး သူ့ရဲ့ အင်္ဂလိပ်စကားပြောနိုင်စွမ်းဟာ အမေရိကလူမျိုးတစ်ယောက်လိုပဲ ကျွမ်းကျင်ပိုင်နိုင်မှုရှိလှတာကြောင့် အမေရိကမှာ ပရိတ်သတ်များဒီထက်ပိုတိုးပွားလာနိုင်စွမ်းရှိတယ်လို့ထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်ထဲမှ Jonny ဟာလဲ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာနေထိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ်စွမ်းရည်ကလဲ အံ့မခန်းပါပဲ။

NCT ဟာဆိုရင် ကိုးရီးယားလူမျိုးများဖြင့် ဖွဲ့စည်းထားတာမဟုတ်ပဲ ထိုင်း၊ တရုတ်၊ ဂျပန်လူမျိုးတို့ပါ ပါဝင်တာကြောင့် အဆိုပါနိုင်ငံများမှာလဲ လွှမ်းမိုးထားနိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ယခုလဲ အမေရိကမှာကြီးပြင်းခဲ့တဲ့ Mark နဲ့ Jonny ကြောင့် အမေရိကမှာလဲလွှမ်းမိုးနိုင်လိမ့်မယ်လို့  ပရိတ်သတ်များကယုံကြည်မျှော်လင့်ထားကြပါတယ်။


11 Oct 2018     1,752 Views




RELATED

Most Popular of Special or Others

Most Popular of NEWS