BEC-TERO TV

အကောင့်ဟက်ယူကာ ချစ်သူနဲ့ပုံရိပ်တွေပါ ဖွင့်ချခြင်းခံလိုက်ရတဲ့ ဟိန်းမင်းသူ

11 Oct 2018     1,617 Views


အဆိုတော်သရုပ်ဆောင် ဟိန်းမင်းသူကတော့ ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲအားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းကပင် နှလုံးရှော့ဖြစ်ကာ ဆေးရုံတက်လိုက်ရတဲ့ ဟိန်းမင်းသူတစ်ယောက် သူရဲ့ဖေ့စ်ဘွတ်အကောင့်ကို ဟက်ကာတစ်ယောက်ရဲ့ ခိုးယူခြင်းကို ခံလိုက်ရပါတယ်။

အကောင့်ဟက်သူက ဟိန်းမင်းသူရဲ့အကောင့်ကိုသိမ်းယူသွားတာ နာရီပိုင်းမျှသာရှိသေးပြီး အမြင်ကပ်၍သိမ်းယူထားခြင်းဖြစ်ကြောင်း ပို့စ်တင်ကာရေးသားထားသေးပါတယ်။ ဒါ့အပြင် ဟိန်းမင်းသူရဲ့ ပရိုဖိုင်က Nick name ကိုပါပြောင်းလဲကာ ထိခိုက်နစ်နာစေမဲ့ စာသားများကိုပါရေးတင်ထားတာကိုလဲ တွေ့ရပါတယ်။

ဆယ်လီဘရစ်တီတိုင်းရဲ့ အချစ်ရေးကပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်ပြီး ယခုလဲ အကောင့်ဟက်ယူသွားသူက ဟိန်းမင်းသူနဲ့ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်တွေကိုပါ ဖွင့်ချလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဟိန်းမင်းသူရဲ့ကောင်မလေးက ဘယ်သူဖြစ်မလဲဆိုကာ စိတ်ဝင်စားနေကြသလို ယခုလိုလုပ်ရပ်မျိုးလုပ်သွားတဲ့ ဟက်ကာကိုလဲ ၀ိုင်းဝန်းပြောဆိုထားကြပါတယ်။ ဟိန်းမင်းသူဘက်ကလဲ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ပြန်ပေးဖို့ ပြောဆိုထားတာကိုလဲ တွေ့ရပါတယ်။

 

 


11 Oct 2018     1,617 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS