BEC-TERO TV

အနုပညာအလုပ်လုပ်နေတာတောင် ပရဟိတစိတ်အပြည့်ရှိနေတဲ့ ခိုင်နှင်းဝေ

11 Oct 2018     1,781 Views


သရုပ်ဆောင်ခိုင်နှင်းဝေဟာဆိုရင် တစ်ချိန်ကရှည်လျားလှပတဲ့ သူမရဲ့ဆံနွယ်ကြီးတွေကြောင့် ပရိသတ်တွေကြားရေပန်းစားကာ မသိသူမရှိလောက်အောင်တစ်ခဲနက်အောင်မြင်မှုရရှိခဲတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်ကို နှစ်ပေါင်းများစွာရယူပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေဟာ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ပရဟိတစိတ်ဓာတ်ပြင်းထန်သူလဲဖြစ်ပါတယ်။ သူမဟာယခုနောက်ပိုင်း အနုပညာအလုပ်တွေလုပ်ရင်း အကူအညီလိုအပ်နေသူများကို ကူညီဖေးမရင်း ဘ၀ကိုအကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းနေသူဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ကျိုးမဖက် မွန်မြတ်တဲ့စိတ်ထားလေးကြောင့် ပရဟိတမင်းသမီးလေးလို့ တင်စားခေါ်ဆိုခြင်းခံရတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေလုပ်နေချိန်မှာတောင် အကူအညီလိုအပ်နေသူတွေကို မြင်ရုံနဲ့ မလှူတန်းရမနေနိုင်ဖြစ်မိတယ်ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားလိုက်ပါတယ်။

သူမရေးသားထားတာကတော့ “ ယနေ့ မနက် ‘မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန’ ဇာတ်လမ်းတွဲ 
ကန်တော့ပွဲလေးမှာ ကတော့ပွဲပေးရင်း ငါးစာလေးတွေကျွေးပြီး ဘုရားစောင်းက အလှူခံနေတဲ့ အဘွားတွေကိုလည်း အလှူငွေလေးတွေ ထည့်ဖြစ်ခဲ့တယ်… တစ်ခါတစ်လေ မင်းသမီး အနေနဲ့ အလုပ်လုပ်နေချိန်မှာလည်း ပရဟိတ သမားဆိုတော့ လှူစရာလေးတွေမြင်ရင် မလှူရ မနေနိုင်ဖြစ်နေပြီ… ကျွန်မ ဝါသနာ နှင့် တန်ဖိုးထားမြတ်နိုးတဲ့ အနုပညာအလုပ်တွေလုပ်ကိုင်နေရင်း လိုအပ်နေတဲ့ နေရာတွေမှာ တစ်ထောင့် တစ်နေရာကနေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူသားတယောက် အနေနဲ့ တသက်လုံး နေထိုင်သွားပါရစေ” ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်တွေကိုပါ မျှဝေထားတာဖြစ်ပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ တကယ့်ကိုမွန်မြတ်တဲ့ စိတ်ထားကောင်းသူလေးတစ်ယောက်ပါပဲနော်… သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း မကြာခဏဆိုသလို ကောင်းမှုကုသလိုလ်အလှူအတန်းတွေပြုလုပ်ကာ ပရဟိတအလုပ်တွေကိုလဲ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။

 


11 Oct 2018     1,781 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment