BEC-TERO TV

မလေးရှားတွင် မြေပြိုကျပြီး မြန်မာလုပ်သား ၃ ဦးသေဆုံး

15 Oct 2018     1,323 Views


အောက်တိုဘာလ ၁၄ ရက် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကမ်မရွန်ဟိုင်းလန်းစ် (Cameron Highlands) ဒေသတွင် မြေပြိုကျခဲ့မှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ အရှင်လတ်လတ် သင်္ဂြိုလ်ခံခဲ့ရသလိုဖြစ်ကာ သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

သေဆုံးခဲ့သူများမှာ မောင်အောင်ထန်းနဲ့ မနိုင်းဝါ ချင်းလူမျိုး အသက် ၂၃ နှစ် ဇနီးမောင်နှံနှင့် ဒေါ်မူမူအေး အသက် ၃၄ နှစ် ရခိုင်အမျိုးသမီးတို့ ဖြစ်ကြကြောင်း သိရှိရသည်။ သူတို့ ၃ ဦးဟာ မလေးရှားနိုင်ငံတွင် စိုက်ပျိုးရေးအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြပြီး ကားလမ်းတစ်ခု၏ဘေး ချိုင့်ထဲတွင် တဲထိုးနေထိုင်ကြသူများ ဖြစ်သည်။

အဆိုပါနေ့က သူတို့ ၃ ဦး တဲအတွင်း၌ အိပ်မောကျနေစဉ် မိုးသည်းထန်ရွာသွန်းပြီးနောက် ကမ်းပါးပြိုကျခဲ့ရာ တဲပေါ်သို့ မြေများပြိုကျခဲ့ပြီး တဲတစ်ခုလုံး မြေကြီးအောက် ရောက်သွားခဲ့ကြောင်း ရဲအဖွဲ့က ပြောကြားခဲ့သည်။

ရဲအဖွဲ့က ရောက်လာချိန်တွင် အလောင်း ၂ လောင်းအား ၎င်းတို့၏ မိတ်ဆွေများမှ တူးဖော်ပြီးဖြစ်သည်။ ပြန်လည်တူးဖော်ရရှိသော အလောင်း ၃ လောင်းကို တာနာရာတားမြို့ဆေးရုံသို့ပိုဆောင်ခဲ့ကြသည်။

မြေပြိုကျမှုဖြစ်ပွားခဲ့သော တဲဟာ တရားမဝင်ဆောက်လုပ်ထားသောတဲဖြစ်ပြီး သေဆုံးသူများမှာ တရားဝင်နေထိုင်လာရောက် အလုပ်လုပ်ကိုင်သူ ဟုတ်/မဟုတ် ဆိုတာကို မသိရှိရသေးကြောင်း ဖော်ပြထားပါတယ်။

Ref:RFA


15 Oct 2018     1,323 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS