BEC-TERO TV

စတာလင်ရဲ့ ဂိုးတွေနဲ့ စပိန်မြေ မှာ အနိုင်ရယူခဲ့တဲ့ အင်္ဂလန်

16 Oct 2018     1,374 Views


အင်္ဂလန် မနေ့က စပိန်အသင်းနှင့် ပွဲစဉ်မှာ လူငယ်ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ဟာရီကိန်း ၊ စတားလင် ၊ ရက်စ်ဖို့ တို့နဲ့ ကွင်းလယ်မှာ ဘာကလေ ၊ ဒိုင်ယာ ၊ ဝင့် နောက်တန်းမှာ မက်ဂွိုင်းယား ၊ ဂိုးမက်စ် ၊ချီးဝဲ ၊ ထရစ်ပီယာ နဲ့ ဂိုးသမား ပစ်ဖိုစ် တိုနဲပွဲထွက်လာခဲ့ပြီး စပိန်အသင်းက ရိုထရီဂို ၊  အက်စ်ပက် ၊ အဆန်စီယို နဲ့ အယ်ကန်တာ ၊  ဘက်စ်ကွက် ၊ ဆောက်စ် ၊ နဲ့ နောက်တန်းမှာ နာချို ၊ အလွန်ဆို ၊ကက်စတို ၊ အသင်းခေါင်းဆောင်  ရာမိုစ့် နဲ့ ဂိုးသမား ဒီဂီယာတို့ပွဲထွက်လာခဲ့ပါတယ် ။

ပွဲအစမှာတင် စပိန်အသင်းက ဘောလုံးအသာစီးနဲ ကစားနေပြီး တစ်လက်ဆက် တိုက်စစ်ဆင် မှုတွေနဲ့ စတင်ခဲ့ပြီး ဂိုးသမားပစ်ဖိုစ် လက်စွမ်ပြ ခဲ့လို့ သာ သက်သာရာရခဲ့တာပါ။ ၁၆ မိနစ်အရောက်မှာ မာကပ် ရက်စ်ဖို့ ၏ ဖန်တီးပေးပို့မှုမှ တဆင့် စတာလင်ကအင်္ဂလန်အသင်း အတွက်အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။ စပိန်အသင်းက ခြေစွမ်းအသာစီးဖြင့်ကစားထားနိုင်သော်လည်း အင်္ဂလန်းအသင်းက ကောင်တာမှ တဆင့် ၂၉ မှာ ရက်စ်ဖို့ ၊ ၃၈ မိနစ်မှာ စတာလင်တို့၏ ဂိုးဖြင့် ပထမပိုင်းမှာ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယ ပိုင်းအရောက်မှာ စပိန်အသင်းပဲ တိုက်စစ်ဆင် ကစားခဲ့ပြီး ၅၈ မှာ အယ်ကန်တာ အချိန်ပို မိနစ် ၉၀ မှာ အသင်းခေါင်းဆောင် ရာမိုစ်တို့၏ ဂိုးဖြင့် ၂ - ၃ ဖြင့် အင်္ဂလန် အသင်းကို ရှုံးနိမ့်သွားခဲပါတယ်။

.ယခုနိုင်ပွဲဟာ အင်္ဂလန် အသင်းအတွက် ၃၁ နှစ် စပိန်မြေမှာ ပထမဆုံး  နိုင်ပွဲရယူထားနိုင်ခဲ့ ဖြစ်ပါတယ်။. စပိန်နဲ့ပွဲမှာ  ဂိုးသွင်ယူထားနိုင်ခဲ့တဲ့ ရက်စ်ဖို့ ဟာ နိုင်ငံတကာသွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ မှာ အင်္ဂလန်အသင်းဟာ USA အသင်းနှင့်  တွေ့ဆုံဖို့ရှိနေပြီး စပိန်အသင်းကတော့ ခရိုအေးရှား ကစားရမည်ဖြစ်ပါတယ် ။

 


16 Oct 2018     1,374 Views




RELATED

Most Popular of Football

Most Popular of Sport