BEC-TERO TV

ဒီပေးကို ဘာကြောင့် ရောင်းထုတ်ခဲ့ရသလဲ ဆိုတာ မော်ရင်ပြော

16 Oct 2018     1,332 Views


မန်ချက်စတာယူနိုက်တတ် နည်းပြ မော်ရင်ဟိုက ရောင်းထုတ်ခဲ့တာက မက်ခီတာရန်ဆီက အများကြီးမျော်လင့်ထားခဲ့သောကြောင့် ပြောကြားခဲ့ပါတယ်။ အသင်းမှာ တိုက်စစ်ကစားသမား အီဗရာဟီမိုဗစ် တို့လည်း ရှိတာကြောင့် သူအနေနဲ့ ပွဲထွက်ခွင့် အာမခံချက် မပေးနိုင်တာကြောင့် လိုင်ယွန် အသင်းသို့ ပြောင်းရွေ့ခွင့် ပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

အသင်းမှာ နေရာပေးခြင်းခံခဲ့ရတဲ့ မက်ခီတာရန် ကလည်း အကောင်းမျော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ ၂၀၁၇ ဇန်နဝါရီ အပြောင်းအရွေ့မှာ အာဆင်နယ်အသင်းမှ ဆန်းချက် နှင့်အပြောင်အရွေ့ ပြုလုပ်ထားခံခဲ့ရပါတယ်။

ဒီပေး ကို နည်းပြဟောင်း ဗန်ဂါးလ် ၂၀၁၆ ခုနှစ်တုန်းက PSV အသင်းမှခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြ မော်ရင်ဟိုလပ်ထက် မှာခြေစွမ်းပြဖို့ ရုံကန်ခဲ့ရတာကြောင့် ပြင်သစ်ကလပ် လိုင်ယွန်အသင်း ကခေါ်ယူခဲ့ပါတယ်။ (ဒီပေး ရော်နယ်ဒို လက်သစ်လိုတောင် တင်စားခံရသူ)

 ဒီပေး ဟာ လိုင်ယွန်မှာခြေစွမ်းပြကစားထားနိုင်ပြီး  ၃၆ မှာ ၁၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အဆိုပါ နယ်သာလန် ကစားသမားမှာ ဂျာမနီ အင်အားကြီး အသင်းကို ၃ - ၀ နိုင်တဲ့ပွဲမှာ လည်း အကောင်းဆုံးခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။

 


16 Oct 2018     1,332 Views




RELATED

Most Popular of Football

Most Popular of Sport