BEC-TERO TV

တစ်ကိုယ်တော်သီချင်းထွက်ရှိတော့မယ့် Black Pink အဖွဲ့ဝင် Jennie

18 Oct 2018     1,669 Views


အက၊အလှ နဲ့ Vocal ရော Rap ပါ အဘက်ဘက်က ပြည့်စုံပိုင်နိုင်လှတဲ့ Black Pink အဖွဲ့ ဝင် Jennie ဟာ တစ်ကိုယ်တော်သီချင်းများကို သီဆိုတော့မှာဖြစ်ပါတယ်။

သူမဟာ Black Pink အဖွဲ့ရဲ့ Main rapper တစ်ယောက်ဖြစ်ပေမယ့် Vocal ပိုင်းရော အကပိုင်းမှာပါ အားသာတဲ့သူတစ်ယောက်ပါ။

Jennie ဟာသူမရဲ့ solo သီချင်းကို တစ်နှစ်အတွင်း ထွက်ဖို့ ရှိတယ်ဆိုတဲ့အကြောင်း သူမရဲ့ အေဂျင်စီဖြစ်တဲ့ YG entertainment ကလဲ အတည်ပြုကြေငြာလိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ   ထိုသတင်း ကအတိအကျထွက်ခဲ့တာဖြစ်ပါတယ်။

Jennie ဟာသူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေခဲ့တာ တော်တော်လေး ကြာခဲ့ပြီဖြစ်ပြီး YG Entertainment အနေနဲ့လဲ လာမယ့် နိုဝင်ဘာလထဲမှာ သူမရဲ့ တစ်ကိုယ်တော်သီချင်းကို ထုတ်ပေးဖို့ အစီအစဉ်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သူမ ရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်သီချင်းကို music video ရိုက်ဖို့အတွက် သူမဥရောပ မှာရှိနေစဉ်အတွင်း တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။

Music Video ထွက်ရှိမယ့်ရက်အတိအကျကိုတော့ YG Entertainment က သူတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာများမှာ ဖော်ပြသွားမယ်လို့ သိရပါတယ်။

Black Pink အဖွဲ့ဟာဆိုရင်ဖြင့် သြဂုတ်လ ၂၀၁၆ ခုနှစ်က အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သူမတို့ရဲ့ ပထမဦးဆုံးပွဲဦးထွက်သီချင်းဖြစ်တဲ့ Boombayah နဲ့ whistle တို့နဲ့ တင် အရမ်းပေါက်သွားခဲ့တာဖြစ်ပါတယ်။

Kpop လောကမှာဆိုရင် ဒီလို ပွဲဦးထွက်သီချင်းနဲ့တင်ပေါက်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ပွဲဦးထွက်သီချင်းများသာမက ပဲနောက်ထွက်ရှိတဲ့ သီချင်းတွေကလဲ အရမ်းကိုလူကြိုက်များပြီး ပေါက်မြောက်အောင်မြင်တာကြောင့် Black Pink အဖွဲ့ ဟာအခုဆိုရင် ထိပ်ဆုံးကိုရောက်ရှိနေတဲ့ အဖွဲ့တစ်ဖွဲ့ လို့ ပြောလို့ရပါတယ်။

Main Rapper တစ်ယောက်အနေနဲ့ Vocal ကို လဲပိုင်နိုင်စွာသီဆိုနိုင်တဲ့ Jennie ဟာလဲ အဖွဲ့ကနေ ပထမဦးဆုံးကွဲထွက်ပြီး သီဆိုတာမို့ သူမရဲ့ပရိတ်သတ်များက သူမဘယ်လို ပုံစံမျိုးနဲ့ ပေါ်ထွက်လာမလဲဆိုတာ အရမ်းကိုမျှော်လင့်စောင့်စားနေကြပါပြီ။

တစ်နည်းအားဖြင့် Jennie ဟာဆိုရင် အကအလှ နဲ့ အဆိုကောင်းတာအပြင် သူမရဲ့ Cool ဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းများကြောင့် လူသိများတာဖြစ်ပါတယ်။

လာမယ့် နိုင်ဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ Black Pink အဖွဲ့ ဟာသူမတို့ရဲ့ ပထမ ဆုံး ဖျော်ဖြေပွဲကြီးကို တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပသွားမှာ ဖြစ်ပါတယ်။

Jennie ရဲ့ music video ကတော့ အဆိုပါဖျော်ဖြေပွဲပြီးမှ ထုတ်ပေးမည်လား ဖျော်ဖြေပွဲ မတိုင်မီ ထုတ်ပေးမည်လားဆိုတာတော့ မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Jennie ရဲ့ပထမဦးဆုံး music video ဖြစ်တဲ့အတွက် သူမရဲ့ ပရိတ်သတ်ကြီးကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားနေကြပါပြီ။


18 Oct 2018     1,669 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment