BEC-TERO TV

ယာဉ်မောင်းလိုင်စင် ရရှိသွားပြီဖြစ်တဲ့ ကင်မ်ဆိုဟွန်း

18 Oct 2018     1,364 Views


တစ်ချိန်က ရုပ်သံမှာလာတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲတော်တော်များများမှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ကင်မ်ဆိုဟွန်း ဟာဆိုရင် အသက်နှစ်ဆယ် တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

တစ်ချိန်က ကလေးသရုပ်ဆောင်လုပ်ခဲ့တဲ့သူလေးကို ကိုယ့်မျက်စိထဲမှာ ကလေးလေးလို့မြင်ခဲ့ကြတာ မဟုတ်ပါလား။ အခု အချိန်မှာတော့ သူလေးကလဲ လူကြီးတစ်ယောက် ဖြစ်လာပြီဆိုတဲ့ အကြောင်းကို သက်သေပြလိုက်ပါပြီနော်။

ပြီးခဲ့တဲ့ ဧပြီလက မင်းသမီး ကင်မ်ဆိုးဟွန်းဟာ သူမရဲ့ Bucket  List (သူမလုပ်ချင်တဲ့ အကြောင်းအရာများကို မှတ်စုရေးသားထားသော စာတို)  အကြောင်းကို ပြောခဲ့ပါတယ်။ အဆိုပါ Bucket List ထဲမှာ သူမဟာ အသက်နှစ်ဆယ် ပြည့်ပြီးပြီ ဖြစ်တဲ့အတွက် ယာဉ်မောင်းလိုင်စင် လိုချင်ခဲ့တယ်လို့ပြောထားပါတယ်။

သူမ အသက် ၂၀ ပြည့်တယ်ဆိုတာကလဲ ကိုးရီးယား အသက်တွက်ချက်မှုပုံစံ အရ အသက် ၂၀ ပြည့်တာဖြစ်ပါတယ်။ နိုင်ငံတကာ အသက် တွက်ချက်ပုံအရ ဆိုရင်တော့ သူမဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ ၄ လပိုင်းအချိန်လောက်က သူမဟာယာဉ်မောင်းလိုင်စင် စာမေးပွဲကိုပထမ နဲ့ ဒုတိယ အကြိမ် ဆန်းစစ်မှုမှာ အောင်မြင်သွားခဲ့ပါပြီ။ သူမဟာ လိုင်စင် ရဖို့အတွက်နောက်ဆုံး တစ်ကြိမ် ဖြေဖို့ပဲ ကျန်ပါတော့တယ်။ သူမရဲ့ အကြီးမားဆုံးအိမ်မက်ကတော့ သူမ အမေနဲ့ ခွေးလေးကို တင်ပြီး ကားမောင်းထွက်ချင်ပါတယ်တဲ့။

အင်တာဗျူးတစ်ခုမှာ သူမနှင့်အတူ ကားမောင်းတဲ့ အဖော်ဖြစ်သူအကြောင်းကို ပြောပြ ခဲ့ပါတယ်။ ထိုသူနဲ့ Pet shop မှာ တွေ့ခဲ့တာဖြစ်ပြီး ထိုသူက လှပတဲ့ Mini Cooper ကားလေးကို ပိုင်ဆိုင်တယ်လို့ ဆိုထားပါတယ်။

“အဲ့ကားလေးက ကျွန်မကားလေးတော့ ဖြစ်ရင်ကောင်းမှာပဲလို့တော့ မတွေးမိဘူး။ ဒါပေမဲ့ အဲ့လိုကားမျိုးလေးတော့ တစ်နေ့နေ့ မှာ ကိုယ်တိုင်မောင်းချင်တယ်လို့တော့ တွေးမိတယ်” လို့ပြောထားပါတယ်။

အခုအချိန်မှာတော့ ထို အင်တာဗျူးပြီးခဲ့တာ ၆ လလောက်ကြာမြင့်သွားပြီ ဖြစ်တဲ့အတွက် ဆိုးဟွန်းတစ်ယောက် သူမရဲ့ ယာဉ်မောင်းလိုင်စင်ကို ပိုင်ဆိုင်ရ ရှိပြီးပါပြီ။

သူမကိုယ်တိုင်ကလဲ ယာဉ်မောင်းလိုင်စင်ရရှိ ပြီးတဲ့အကြောင်း ကိုသူမရဲ့ instagram စာမျက်နှာမှာ ပို့စ်တင်ပြီး ဖော်ပြခဲ့ပါတယ်။


18 Oct 2018     1,364 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment