BEC-TERO TV

စင်ကာပူမှာ ဂယက်ရိုက်နေတဲ့ Sexy ကျတဲ့ မြန်မာအိမ်အကူ မိန်းကလေး (ရုပ်သံ)

24 Oct 2018     2,632 Views


အောက်တိုဘာလ ၂၂ ရက်နေ့က စင်ကာပူနိုင်ငံက အိမ်ရှင်မိသားစုကို မြန်မာအိမ်အကူ မိန်းကလေးတစ်ဦးက ခြိမ်းခြောက်ခဲ့တာကြောင့် အိမ်ရှင်က ရဲတိုင်ကြားခဲ့ရတဲ့ အဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါအဖြစ်အပျက်အားလုံးကို အိမ်ရှင်က လူမှုကွန်ယက်ပေါ် ရုပ်သံ၊ ဓါတ်ပုံများနဲ့ ဖွင့်ချခဲ့တာကြောင့် အခြားမြန်မာနိုင်ငံသားများနဲ့ နိုင်ငံခြားသားတို့ အပြန်အလှန်ပြောဆို ငြင်းခုံမှုတွေ ပြင်းထန်နေပါတယ်။

စင်ကာပူအိမ်ရှင် ဖြစ်သူ “Amy Tree” ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသား အိမ်အကူမိန်းကလေး (ချင်းလူမျိုး) ဟု ယူဆရသော “Halar Nay Tial” ဟာ အောက်တိုဘာလ ၁၁ နေ့က အိမ်ရှင်ဖြစ်သူကို သူမအတွက် ကိုယ်ပိုင်အချိန်၊ မုန့်ပဲသွားရေစာ၊ ကော်ဖီ၊ ချောကလက်နဲ့ သူမ ကြိုက်တဲ့ ပေါင်မုနု့် စတာတွေကို ဖော်ပြပါအတိုင်း အော်ဟစ်တောင်းဆိုခဲ့ပါတယ်။

နင်က ငါအလုပ်လုပ်ဘူးသမျှ အိမ်ရှင်တွေထဲမှာ ကပ်စေးအနည်းဆုံးနဲ့ အမွဲဆုံးပဲ၊ နင် အိမ်အကူအတွက် ဒါတွေလုပ်ပေးဖို့ မတတ်နိုင်ရင် အိမ်အကူမငှားနဲ့လေ” ဟု ပြောဆိုပြီးနောက် အလုပ်ရှင်ကခွင့်မပြုပဲ ည ၉ နာရီလောက်မှာ အိမ်ကနေ ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် အိမ်ပြန်လာပြီး ည ၁၁ နာရီလောက်မှာ အိမ်ရှင်အမျိုးသမီးရဲ့ အိပ်ခန်းထဲထိသွားပြီး သူမရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းတို့ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမပေးပဲ ပြန်ပေးဖို့တောင်းပါတယ်။

အိမ်ရှင်အမျိုးသမီးက အိပ်ခန်းထဲက ထွက်သွားဖို့ ပြောပေမယ့် သူမက အသံအကျယ်ကြီးနဲ့ ပတ်စ်စပို့နဲ့ ဖုန်းကို ပြန်မပေးရင် နင်နောင်တရစေရမယ်လို့ ခြိမ်းခြောက်တဲ့အတွက် အိမ်ရှင်က ကြောက်လာပြီး နောက်နေ့မနက်ကျရင် ပြန်ပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ အဲံဒီနောက် အိမ်ရှင်က ငါနင့်ကို မနက်ဖြန်ကျရင် အေဂျင်စီကို ပြန်ပို့မယ်လို့ ပြောတဲ့အခါ သူမက ပြန်အော်တဲ့အတွက် အိမ်ရှင်ရဲ့ မွေးကင်းစ ကလေးလေးက လန့်ပြီးငိုပါတော့တယ်။ အဲဒီနောက် အိမ်ဖုန်းကနေ ရဲတိုင်လိုက်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

အိမ်ရှင်အမျိုးသမီးလည်း ရဲတိုင်ရုံကလွဲပြီး ဘာမှရွေးချယ်စရာ မရှိတော့တဲ့အခါ သူမက “နင် ရဲခေါ်လိုက်ရင် နောင်တရသွားမယ်နော်၊ ရဲတွေရောက်လာရင် နင်က ငါ့ကို ပါးရိုက်တယ်၊ နေ့တိုင်းရိုက်နှက်တယ်လို့ ပြောလိုက်မှာ” လို့ ပြောပြီး ချက်ချင်း သူမရဲ့ မျက်နှာကို သဘက်နဲ့အုပ်ပြီး အိပ်ခန်းဘက်ကို ပြန်ပြေးသွားပါတယ်။ အိမ်ရှင်အမျိုးသမီးက ရဲခေါ်ဖို့ တွေဝေသွားပါတယ်။ ရဲမခေါ်တော့ဘူးလို့ လုပ်ပြီးကာမှ ရဲကိုအကြောင်းလိုက်ပါတယ်။ အဲဒီနောက် ဘာအကြောင်းမှမရှိပဲ အိမ်အကူမိန်းကလေးက ရှိုက်ကြီးတငင်ငင်ငိုပါတော့တယ်။ အဲဒီအချိန်မှာ အိမ်ရှင်အမျိုးသမီးက သူမအတွက် ရေတစ်ခွက်ယူပေးပြီး ဘာကြောင့် ငိုတာလဲလို့ မေးတာကို ဂရုမစိုက်ပဲ ပြုံးနေတဲ့ မျက်နှာနဲ့ မျက်ရည်တွေကို ညှစ်ထုတ်ပြပါတယ်။

ရဲတွေရောက်လာချိန်မှာတော့ မိန်းကလေးက အသံပြဲကြီးနဲ့ ကောက်ကာငင်ကာ အားလုံးရဲ့ရှေ့မှာ ငိုချပြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးတဲ့အခါ သူမက ရဲတွေကို အိမ်ရှင်က အစားအသောက် လုံလောက်အောင် မကျွေးကြောင်း၊ ကောင်းကောင်းလည်းမအိပ်ရကြောင်း၊ အမြဲတမ်း ညသန်းခေါင်ထိ အတင်းနှိပ်ခိုင်းကြောင်း၊ ရေချိုးဆပ်ပြာ ခေါင်းလျှော်ရည်တို့ကိုလည်း ရက်လွန်တာတွေသာ ပေးသုံးကြောင်း တိုင်းကြားခဲ့ပါတယ်။ သူမရဲ့ တိုင်ချက်တွေကို အိမ်ရှင်အမျိုးသမီးကြားရတဲ့အခါ အတော်ကြီးကို ရှော့ခ်ရသွားခဲ့ပါတယ်။

ဒါနဲ့ အိမ်ရှင်မက ဘာမှပြောမနေတော့ပဲ ရဲတွေကို CCTV သာကြည့်ကြပါလို့ ပြန်ဖွင့်ပြခဲ့ပါတယ်။ တစ်ကယ်တမ်းမှာတော့ အိမ်အကူမိန်းကလေးဟာ အိမ်ရှင် လင်မယားနဲ့တူတူ တစားပွဲထဲမှာ နာရီဝက်လောက် အေးအေးဆေးဆေး အမြဲတမ်းအတူတူစားသောက်ရပါတယ်။ သူမအလုပ်ဝင်ခါစက ကိုယ်အလေးချိန် ၆၅ ကီလိုပဲရှိခဲ့ရာ ၂ လကြာပြီးနောက် အခုဆိုရင် ကီလို ၇၀ ရှိနေပါပြီ၊ နံနက်ဆိုရင်လည်း ၈ နာရီကျော်မှ အိပ်ယာထပြီး ည ၉ နာရီလောက်ဆို အိပ်ယာဝင်ပါပြီ (အိမရှင်မက ညဘက်မှာ ကလေးကိုနို့တိုက် ကိုယ်တိုင်ထိန်းပါတယ်)။ ရံဖန်ရံခါ စားသောက်ဆိုင်တွေမှာ သွားစားရင်လည်း တန်းတူ စားသောက်ခဲ့ရပါတယ်။

CCTV ပုံရိပ်အရ အိမ်အကူမိန်းကလေးဟာ နေ့လည်မှာ ၁ နာရီကနေ ၃ နာရီလောက်ထိ တရေးအိပ်တာကိုလည်း တွေ့ရပါတယ်။ ရေချိုးတဲ့အခါမှာလည်း နာရီဝက်ကနေ ၄၅ မိနစ်လောက်ထိ အချိန်ယူတတ်သလို၊ သန့်စင်ခန်း တစ်နေ့ ၁၀ ကြိမ်ထက်မနည်း ဝင်ပြီး ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ ကြာတတ်ပါသေးတယ်။ Dove အမျိုးအစား ရေချိုးဆပ်ပြာ ခေါင်းလျှော်ရည်တို့ကို အသစ်စက်စက်ပဲ ဝယ်ပေးခဲ့ကြောင်း ရဲတွေကို ပြောပြီးနောက် အခုလို ဘာကြောင့်လိမ်တာလည်းလို့ မေးတဲ့အခါ အိမ်အကူက ဘာမှပြန်မပြောပဲ ငြိမ်နေပါတယ်။

နှိပ်ခိုင်းတယ်လို့ စွပ်စွဲတဲ့ ကိစ္စမှာတော့ သူမဟာ အခန်းထဲမှာရှိတဲ့ တီဗီကြည့်ချင်လို့ အိမ်ရှင်မကို မကြာခဏဆိုသလို နှိပ်ပေးရမလားလို့ ပြောတာဖြစ်ပါတယ်။

ဒီထက်ဆိုးတာကတော့ မီးဖိုထဲမှာ အလုပ်လုပ်တဲ့အခါ မသင့်လျော်တဲ့ ဆက်ဆီကျကျ အဝတ်အစားတွေကို မပေါ့တပေါ် ဝတ်ပြပြီး မီးဖိုခန်းထဲက CCTV ရှေ့မှာ အမျိုးမျိုးလုပ်ပြတတ်ပါတယ်။ ဒီအိမ်မှာ အိမ်ရှင်လင်မယားနဲ့ မွေးကင်းစ ကလေးလေးသာ ရှိတာကြောင့် သူမရဲ့ အပြုအမူတွေက မြူဆွယ်သလို ဖြစ်နေပါတယ်။

ညကြီးအချိန်မတော် အိမ်ရှင်ခွင့်မပြုပဲ အပြင်ထွက်သွားတဲ့ ကိစ္စကို ရဲကမေးတဲ့အခါ ပထမတော့ နံနက်စာအိမ်ရှင်က ဘာမှမစီစဉ်ပေးလို့ ထွက်ဝယ်တာလို့ စွပ်စွဲပါတယ်။ အဲဒီနောက် အိမ်ရှင်မဖြစ်သူက စားပွဲပေါ်မှာ နံနက်စာအတွက် စီစဉ်ထားတဲ့ နွားနို့၊ ပေါင်မုန့် ၊ ကြက်ဥကြော် အစရှိတာတွေကို CCTV မှာ ပြန်ဖွင့်ပြတော့ ရဲတွေက နင့်အတွက်အဲဒါမလောက်ဘူးလားလို့ မေးတော့မှ ဖုန်းငွေဖြည့်ကတ်ကုန်လို့ ထွက်ဝယ်တာလို့ ပြန်ပြောင်းပြောပါတယ်။

သူမစွပ်စွဲသမျှအရာတွေ တစ်ခုမှ မဟုတ်မှန်ကြောင်း CCTV သက်သေနဲ့ ရဲတွေကို ရှင်းပြပြီးတဲ့နောက်မှာ ရဲတွေနဲ့ အိမ်ရှင်က အိမ်အကူကို ဘာဖြစ်ချင်တာလဲလို့ မေးပါတယ်။ သူမရဲ့ ဖုန်းနဲ့ ပတ်စ်ပို့ ပြန်လိုချင်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်ဖြစ်သူက အခုည နောက်ကျနေပြီဖြစ်လို့ မနက်ဖန်မနက်မှာ ပြန်ပေးပြီး အေဂျင်စီကို ပြန်ပို့ပေးမယ်လို့ ပြောတဲ့အခါ သူမက ရဲတွေကို စောစောတုန်းက ပြောတာဒီလိုမဟုတ်ဘူး ကျွန်မကို ဘယ်တော့မှ ပြန်မပေးဘူးလို့ ပြောတာပါလို့ ထပ်လိမ်ပြီး တိုင်ပြန်ပါတယ်။

အိမ်ရှင်ရဲ့ အခန်းထဲမှာ CCTV မတပ်ထားတာကြောင့် သူမလိမ်ရဲတာဖြစ်ပါတယ်။ အိမ်ရှင်မရဲ့ ခင်ပွန်းဖြစ်သူက သူ့မိန်းမကို အိမ်အကူက အခန်းထဲမှာ သူတို့နှစ်ယောက် ပြောဆိုနေတာတွေကို ဖုန်းနဲ့ရိုက်ထားတာကို ရဲတွေကို ပြလိုက်တဲ့အခါမှာ သူမဘာမှပြန်မပြောနိုင်ပြန်ပါဘူး။

အဆိုပါ အိမ်အကူမိန်းကလေးဟာ အလုပ်ဝင်တာ ၃ လခန့်သာ ရှိသေးပြီး တစ်နှစ်အတွင်း အိမ်တွေပြောင်းခဲ့ရတာ ၃ ကြိမ် ၄ ကြိမ်ခန့်ရှိပြီလို့ ဖော်ပြထားပါတယ်။ အိမ်ရှင်အမျိုးသမီး ဖြစ်သူက အိမ်အကူမိန်းကလေးရဲ့ လူမှုကွန်ယက်ကိုပါ ဖော်ပြထားတာမို့ ဝင်ရောက်လေ့လာကြည့်တဲ့အခါမှာတော့ သူမဟာ တရုပ်နိုင်ငံ မက္ကာမြို့မှာလည်း အိမ်အကူအဖြစ် လုပ်ကိုင်ဖူးသူ အတွေ့အကြုံရှိသူ၊ ဘာသာစကားလည်း အထိုက်အလျောက် ပြောနိုင်ဆိုနိုင်သူ ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာရဲ့ အောက်မှာတော့ အပြန်အလှန် ထိုးနှက်ပြောဆိုမှုတွေရှိနေပြီး အိမ်အကူ မိန်းကလေးရဲ့ သူငယ်ချင်းတွေကလည်း ဝင်ရောက်ပြီး သူတို့သူငယ်ချင်းဘက်ကနေ တိုက်ခိုက်ထားတာကို တွေ့ရပါတယ်။ နိုင်ငံခြားသားများကလည်း မြန်မာ ဆိုသည့်အသုံးအနှုန်းကြောင့် အခြားမြန်မာလူမျိုးများကလည်း နိုင်ငံကိုမထိခိုက်သင့်ကြောင့် အပြစ်ရှိသူကိုသာ တိုက်ရိုက်ပြောသင့်ကြောင်း ဝင်ရောက်ရေးသားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် စင်ကာပူနိုင်ငံတွင် ရိုးရိုးသားသား ကြိုးကြိုးကုပ်ကုပ် လုပ်ကိုင်နေသူများအတွက် ဈေးကွက်မှာ ထိခိုက်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ မြန်မာအိမ်အကူ ငှားထားသူအချင်းချင်းလည်း ကွန်မန့်မှာ တက်ခ်တွဲပြီး သတိပေးကြတာကိုလည်း တွေ့ရပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်အကူတစ်ယောက်အနေနဲ့ ဒီလိုနေထိုင်ရဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ့ပါ၊ ဒီလိုအခြေအနေမျိုးမှာ ပြဿနာဖြစ်အောင် ဖန်တီးရတဲ့ အကြောင်းရင်းကတော့ ကာယကံရှင်မိန်းကလေးသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဝေဖန်ရေးသားသူတစ်ယောက်ကတော့ သူမဟာ အိမ်အကူကနေ အိမ်ရှင်ဖြစ်အောင် အားထုတ်နေတာဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

>> အိမ်အကူမိန်းကလေး၏ ပြန်လည်ဖြေရှင်းချက် <<


24 Oct 2018     2,632 Views




RELATED

Most Popular of Special or Others

Most Popular of NEWS