BEC-TERO TV

ဟစ်ထရစ် သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အပြာရောင် တပ်သားသစ် လော့ဖ်တပ်စ်ချိခ်

26 Oct 2018     1,582 Views


မနေ့ က ယူရိုပါလိဂ် အုပ်စုပွဲစဉ်တပွဲ ဖြစ်တဲ့ ချလ်ဆီး – ဘိုရီဆော့ဗ် ပွဲစဉ် မှာ အထူးခြေစွမ်းပြပြီး ချလ်ဆီး လူငယ် ကွင်းလယ်လူ လော့ဖ်တပ်စ်ချိခ် ဟာ ဟက်ထရစ် ရယူ နိုင်ခဲ့ပါတယ်။

ချလ်ဆီး ၃ - ၁ ဘိုရီဆော့ဗ်

မန်ယူ နဲ့ မန်စီးတီး အသင်း တို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ်စ် က “လော့ဖ်တပ်စ်ချိခ် ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ ချလ်ဆီး အသင်း မှ ခရစ်စတယ် ပဲလေ့စ် သို့ အငှား ထွက် ကစားခဲ့ရပြီးခြေစွမ်းပြနိုင် ခဲ့တဲ့အတွက် ချလ်ဆီး ပထမ အသင်းက ၄င်းကို အသင်းရဲ့ ကစားသမား စာရင်းမှာနေရာတနေရာ ပေးခဲ့တာ ဖြစ်ပါတယ် ။ သိုပေမယ့် လည်း ယခုနှစ် ဘောလုံးရာသီ မှာ အသင်း ရဲ့ ကွင်းလယ် မှာ အဓိကကစားသမား တွေ ဖြစ်တဲ့ဂျော်ဂျင်ဟို ၊ ကန်တေ တို့ကနေရာယူ ထားတဲ့အတွက် လော့ဖ်တပ်စ်ချိခ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် ရုန်းကန် နေခဲ့ရတာ ဖြစ်ပါတယ် ။

ထို့အပြင် စီနီယာ ကစားသမား တွေ ဖြစ်တဲ့ ဘာကလေ ၊ ကိုဗာဆစ် နဲ့ ဖာဘရီဂတ်စ် တို့ကြောင့် လော့ဖ်တပ်စ်ချိခ် အတွက် ပွဲထွက်ခွင့် ရာခိုင်နှုန်း ပိုမို နည်းပါး လာခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ် မှာ ချလ်ဆီး အတွက် မိနစ် အနည်းငယ် လောက်သာကစားခွင့်ရထားခဲ့တာ ဖြစ်ပါတယ် ။ သ်ု့ပေမယ့်လည်း ယနေ့ မနက်က ပွဲစဉ်မှဟက်ထရစ် သွင်းဂိုးကြောင့် ချလ်ဆီး နည်းပြ ဆာရီ အနေနဲ့ ၄င်း ကို နေရာပိုပေး လာမလား ဆိုတာ ဟားဂရေ့ဗ်စ် က အခုလို ပဲ သုံးသပ် ခဲ့ပါတယ် ။ ဟားဂရေ့ဗ်စ် က ” ဒီနေ့ ပွဲမှာ လော့ဖ်တပ်ချိခ် ရဲ့ စွမ်းဆောင်ရည် က အံ့မခန်း ပါပဲ ။ သူဟာ အရင် ကတည်းက လူတွေ ရဲ့ နှုတ်ခမ်းဖျား မှာ ပြောစမှတ် တွင်နေတဲ့ လူငယ် ကစားသမား တယောက် ဆိုတာ ကျွန်တော် သိထား ပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲမှာ သူ့ရဲ့ ကစားပုံ က ကျွန်တော် မြင်ဖူး သမျှ တွေထဲ မှာ အကောင်းဆုံး ပါပဲ ။ ”

” ဒီနေ့ ပွဲဟာ ဘိုရီဆော့ဗ် နဲ့ ပွဲစဉ် ဖြစ်ပြီး သူတို့ဟာ အကောင်းဆုံး ပုံစံမှာ ရှိမနေဘူး ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော့ အမြင်မှာ တော့ သူ့ မှာလုပ်နိုင်စွမ်း ရှိမယ်ဆိုရင် ၊ ဂိုးတွေ ထပ်သွင်း နိုင်မယ် ဆိုရင် ၊ ပင်နယ်တီ ဧရိယာထဲမှ အပိုင်တွေ အဆုံးသတ်ချင်တယ် ဆိုရင် သူ့မှာလုပ်နိုင်တဲ့ စွမ်းရည်အကုန် ရှိပါတယ် ။ ဒီနေ့ ပွဲမှာ သူဟာ တကယ် စပါယ်ရှယ် ကစားသမား တယောက် လိုပါပဲ ။ ”

” အခု အချိန် မှာ ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး ပြောစရာ ရှိတာ က ဂျော်ဂျင်ဟိုဆို ကွင်းလယ် မှာ နေရာတနေရာ အခိုင်အမာ ရပြီးသား ။ ကန်တေ ဆိုလည်း ဒီလို ပါပဲ ။ ရော့စ် ( ဘာကလေ ) ဆိုရင် လည်း နောက်ပိုင်း မှာ ပွဲချိန် တော်တော်များများ ဝင်ကစားလာနိုင်ခဲ့ ပါတယ် ။ ရူဘင် ဟာလည်း အခု ခြေစွမ်းနဲ့ဆိုသူလည်း ပရီးမီးယားလိဂ် မှာ ကစားခွင့်ရဖို့ နည်းလမ်းတွေ ရှာဖွေ ရပါမယ် ။ ”

” ဒီနှစ် ပရီးမီးယားလိဂ် မှာရူဘင် ဟာ ၃၃ မိနစ် ပဲ ကစား ရသေးတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူဟာ ခင်ဗျား တောင်းဆို တဲ့ စွမ်းဆောင်ရည် တွေကို လုပ်ပြ နိုင်စွမ်း ရှိပါတယ် ။ ကွင်းလယ် ကနေ တောက်လျှောက် ဘောလုံး သယ်လာ နိုင်စွမ်း ရှိသလို သူ့ရဲ့ လုပ်အားနှုန်း က အတော် ကို ကြီးမား နေပါပြီ ။ ” လို့ သုံးသပ် ပြောကြား သွားခဲ့ ပါတယ် ။ ”


26 Oct 2018     1,582 Views




RELATED

Most Popular of Football

Most Popular of NEWS