BEC-TERO TV

အရွယ်တင်စေသောအစားအစာများ

06 Aug 2015     1,309 Views


 ( ၁ )  လိမ္မော်သီး

လိမ္မော်သီးကို တစ်နေ့တစ်လုံး ပုံမှန်စားသုံးသင့်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် C ကအသားအရေကို တင်းရင်းစေတယ် ၊ အသားရေတွက်လိုအပ်တဲ့ ကိုလက်ဂျန် ဖြစ်တည်မှုကိုလည်းတိုးပွားစေပါတယ်။

( ၂ )  Brocali

Brocali ကိုနေ့စဉ် ခွက်တစ်ဝက်ခန့်ကို နေ့စဉ်စားသုံးပေးမယ်ဆိုရင်  ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အင်အားကို ဖြစ်စေပါတယ်။ Brocali မှာပါဝင်တဲ့ ဗီတာမင် C ကကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပါတယ်ပြီးတော့ခန္ဓာကိုယ်တွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်းပေးပါတယ်။

( ၃ )  အဆီထုပ်ထားတဲ့ဒိန်ချဉ်

အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွင် ပါဝင်တဲ့ ကယ်ဆီယမ် ၊ ဖော့စရပ်စ် တွေက သွားရဲ့ကြွေလွှာတွေ ပျက်သုဉ်းမသွားအောင် ၊  အရေးကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ အသားအရေ တွန့်ပြီးတော့ လျော့ပါးလာတာတွေကို ဒိန်ချဉ်က ကာကွယ်ပေးပါတယ်။

( ၄ )  ငရုပ်ပွသီး

ငရုပ်ပွသီးမှာဆိုရင် အန်နီအောက်ဆီဒင့် ဓာတ်တွေ အများကြီးပါဝင်ပါတယ်။  အန်နီအောက်ဆီဒင့် ဓာတ်တွေဟာဆိုရင် ခန္ဓာကိုယ် ရဲ့ စနစ်ကိုလည်းတိုးတက်စေတယ် ကောင်းမွန်စေတယ် ။ ပြီးတော့ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရည်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။ ကင်ဆာရောဂါ ဖြစ်စေတဲ့အကြောင်းအရာတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။

( ၅ ) Berry

Berry သီးတွေက အရွယ်တင်နုပျိုစေတယ် ၊ ခန္ဓာကိုယ်ကို များစွာအကျိုးပြုပါတယ် ။ အထူးသဖြင့် အရောင်ရင့်ရင့် ရှိတဲ့ Berry သီးတွေမှာဆိုရင်အကောင်းဆုံးဖြစ်တဲ့ အန်နီအောက်ဆီဒင့် ကိုပိုပြီးတော့မြင့်မားစေတယ်။ အသားအရည်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။

( ၆ ) ကန်စွန်းဥ

ကန်စွန်းဥက ခန္ဓာကိုယ်မှာဖြစ်တဲ့  ရောင်ရမ်းခြင်း ၊ အသားအရေတွဲခြင်း ၊ ပွခြင်း ၊ ဖောခြင်း တွေကို မြင့်မားစွာကာကွယ်ပေးပါတယ် ။ ကန်စွန်းဥ မှာဗီတာမင် A ၊ C ၊ E ပါဝင်တဲ့ အတွက် ကန်စွန်းဥစားမယ်ဆိုရင်ဆံကေသာ နဲ့ အသားအရေ ကောင်းခြင်းတွေကို ပြည့်စုံစေပါတယ်။

( ၇ ) မုန်လာဥနီ

မုန်လာဥနီမှာ ဆိုရင် ဗီတာကလိုရင်းဓာတ်တွေ အပြည့်အ၀ပါဝင်တဲ့ အတွက် အရေပြားဆဲလ်တွေကို အသစ်တစ်ဖန် မွေးဖွားစေပါတယ် ။ အန်နီအောက်ဆီဒင့်များစွာပါဝင်ပြီးတော့  အရွယ်အိုမင်းမှုလျင်မြန်စေတဲ့ဖီးလ်ရယ်ဒီကယ်လ် တွေကိုလည်းတိုက်ထုတ်ပေးပါတယ် ။


06 Aug 2015     1,309 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style