BEC-TERO TV

ဆံပင်အလှ CARE ခေါင်းဘယ်လိုလျှော်မလဲ

07 Aug 2015     1,314 Views


ခေါင်းလျှော်တဲ့အခါမှာနည်းစနစ်မှန်မှန်နဲ့ ဆံကေသာတွေချောမွေ့ပြောင်လက်နေစေမယ့်အကြောင်းအရာလေးများအမြှုပ်ထအောင်လျှော်ပါ။ ခေါင်းလျှော်ရည်ကိုလက်ထဲထည့်ပြီး ရေအနည်းငယ်ယူကာ အမြှုပ်ထအောင်လုပ်လိုက်ပါ ပြီးတဲ့အခါ သင့်ခေါင်းကို အမြှုပ်တွေနဲ့ခေါင်းလျှော်ပါ။

ခေါင်းလျှော်ဖို့အတွက် ကိုယ်နေဟန်ထားကလည်း အရေးကြီးပါတယ်။ သင့်ရဲ့ခေါင်းထိပ်ဆုံးကနေပြီးတော့ဆံသားတစ်လျှောက်လည်ပင်းအထိကိုဆွဲပြီးတော့ခေါင်းလျှော်ပါ။ ခေါင်းအပေါ်မှာပဲမလျှော်ပဲ အောက်ထိကိုဆွဲပြီးတော့လျှော်သင့်ပါတယ်။

ဆံပင်တွေ အရမ်းရေစိုစွတ်နေချိန်မှာ ဆံပင်အခြောက်ခံစက်ကိုသုံးဖို့မသင့်လျော်ပါဘူး။အရင်ဆုံးပ၀ါနဲ့ နှိပ်နယ်တာပဲဖြစ်ဖြစ် ၊ သုပ်ပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ။ပြီးမှ ဆံပင်အခြောက်ခံစက်ကိုသုံးပါ။ စက်ကိုအသုံးပြုမယ်ဆိုရင်လည်း တစ်လက်မခန့်ကွာထားပြီးအခြောက်ခံစက်ကိုအသုံးပြုသင့်ပါတယ်။

ခေါင်းလျှော်တဲ့အခါမှာ BRUSH  ကိုအသုံးမပြုပါနဲ့။ BRUSH ကဆံပင်တွေကို ပျက်စီးစေနိုင်ပါတယ်။BRUSHကိုသုံးမယ့်အစားလက်ချောင်းလေးတွေကိုပဲအသုံးပြုပြီး ညင်ညင်သာသာလေးဦးရေပြားကနေဆံသားလေးတွေအထိစွဲပြီးတော့ခေါင်းလျှော်ပေးပါ။

ဆံပင်ဖြောင့်စက်ကိုအသုံးပြုတဲ့အခါမှာလည်း ဆံပင်ဖြောင့်နေစဉ်မှာ မီးခိုးတွေထွက်နေတယ်ဆိုရင် ဆံပင်ဖြောင့်တာကို ချက်ချင်းရပ်လိုက်ပါ။ ဆံပင်ဖြောင့်စက်ကအပူချိန်မြင့်မားလွန်းနေလို့ ဆံပင်အမျိုးအစားအလိုက် အပူရှိန်ကို 350 ဒီဂရီထိထားပေးတာကလည်းသင့်အတွက်အသင့်လျော်ဆုံးနဲ့အဆင်အပြေဆုံးဖြစ်ပါတယ်။


07 Aug 2015     1,314 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style