BEC-TERO TV

နှုတ်ခမ်းညိုတဲ့သူတွေအတွက်နှုတ်ခမ်းပြင်ဆင်နည်းများ

07 Aug 2015     2,532 Views


နှုတ်ခမ်းညိုနေတဲ့သူတွေက နှုတ်ခမ်းနီအရောင်တောက်တောက်လေးတွေကိုဆိုးသင့်ပါတယ်။နှုတ်ခမ်းနီဆိုးတဲ့အခါမှာဆိုရင် နှုတ်ခမ်းအတွင်းသားလေးတွေကိုပိုပြီးတော့ရဲရဲဆိုးသင့်ပါတယ်။ နှုတ်ခမ်းရဲ့အပေါ်နဲ့အောက်ထိနေတဲ့အပိုင်းလေးကို အရောင်တောက်အောင်ပိုပြီးတော့ဆိုးပေးရပါမယ်။ နှုတ်ခမ်းကို ပုံဖော်ပြီးတော့မဆိုးသင့်ပါဘူးပုံဖော်ပြီးဆိုးတာကအချိန်ကြာတဲ့အခါမှာ နှုတ်ခမ်းသားအရောင်နဲ့ နှုတ်ခမ်းနီရဲ့အရောင်ကိုတခြားစီအရောင်ကိုတလွဲစီဖြစ်သွားစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပိုပြီးတော့အသက်ဝင်တဲ့ အပြုံးလေးတွေအတွက်ဆိုရင် နှုတ်ခမ်းနီဆိုးပြီး ပြုံးလိုက်တဲ့အခါ အဲံအပြုံးလေးတွေ ပိုပြီးလှပအသက်ဝင်နေဖို့က သွားလေးတွေကလည်း ဖြူဖွေးနေဖို့လိုပါတယ်။  ဆေးလိပ်၊ အရောင်ရင့်တဲ့ဖျော်ရည်၊နေရောင်ခြည်၊ သက်တမ်းလွန် နှုတ်ခမ်းနီတို့ကိုရှောင်ပေးရပါမယ်။ နှုတ်ခမ်းသားကိုတစ်ပတ်တစ်ကြိမ် သကြားနဲ့ပွတ်တိုက်ဂျေးချွတ်သန့်စင်ပေးလို့ရပါတယ်။ ထိုရှောင်ရန် ဆောင်ရန် နည်းလေးတွေကိုဂရုတစိုက်လိုက်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုခြင်းကိုသက်သာစေမှာပဲဖြစ်ပါတယ်။


07 Aug 2015     2,532 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style