BEC-TERO TV

တစ်ချိန်က အ၀လွန်ခဲ့ပေမယ့် ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်ခဲ့တဲ့ စမိုင်းလ်

14 Nov 2018     1,383 Views


အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တဲ့ ငယ်ရွယ်စဉ်အချိန်တည်းက ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားကာ အောင်မြင်သူတစ်ယောက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်စမိုင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်တန့်အဆုံးသတ်ခဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံရပ်ခြားမှာနေထိုင်ရင်း အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ စမိုင်းလ်တစ်ယောက် ကလေးမွေးပြီးနောက်ပိုင်းမှာတော့ အ၀လွန်ခြင်းဖြစ်ခဲ့ပါတယ်။



ပေါင် (၂၂၀) လောက်ထိအ၀လွန်ဖြစ်ခဲ့တဲ့ စမိုင်းလ်တစ်ယောက် အခိုင်အမာအားပေးနေဆဲဖြစ်တဲ့ ပရိသတ်တွေကြောင့် အမိမြေကိုပြန်လာပြီးနောက် ၀ိတ်ချခဲ့ရာမှ ယခုဆိုရင် ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ယနေ့မှာတော့ စမိုင်းလ်က သူမ၀ခဲ့စဉ်တစ်ချိန်က ပုံရိပ်များနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ လှပတဲ့ဘော်ဒီလေးကို နှိုင်းယှဉ်ထားတဲ့ ပုံရိပ်လေးတွေကို “အပြုံးလေးတွေတော့ တူတယ်မှတ်လား” ဆိုတဲ့ Caption စာသားနဲ့အတူ သူမရဲ့လူမှုကွန်ယက်ကနေ ထုတ်ဖော်မျှဝေလိုက်တာပဲဖြစ်ပါတယ်။ တစ်ချိန်ကအ၀လွန်ခဲ့ပေမယ့် လှပတဲ့ခန္ဓာကိုယ်လေးကို အရယူပြောင်းလဲနိုင်ခဲ့တဲံ စမိုင်းလ်အတွက် ပရိသတ်တွေက အံ့သြ၀မ်းသာမဆုံးဖြစ်ကာ ၀ိတ်ချတဲ့နည်းလမ်းကောင်းလေးတွေကိုလည်း မျှဝေပေးဖို့တောင်းဆိုထားကြတာကို တွေ့ရပါတယ်။



အရှိကိုအရှိအတိုင်း ပွင့်လင်းစွာပြောဆိုနေထိုင်တတ်တဲ့ စမိုင်းလ်ကတော့ သူမရဲ့ဝိတ်ချနည်းကို သိချင်ကြသူတွေ၊ မေးမြန်းတောင်းဆိုနေကြသူတွေအတွက် သူမကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ အစားသောက်၊ အနေအထိုင်၊ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီး ၀ိတ်ချနည်းစာအုပ်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။




14 Nov 2018     1,383 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment