BEC-TERO TV

ဂျပန်ရောက်အလုပ်သမားများထံ မိသားစုက အတူလိုက်ပါ နေထိုင်ခွင့်ရတော့မည်

14 Nov 2018     1,773 Views


ဂျပန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအတွက် ဝမ်းသာစရာ သတင်းကောင်းလေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက် အလုပ်သမားတွေကို ဗီဇာသက်တမ်းတိုးမြှင့်ပေးဖို့နဲ့ မိသားစုဝင်တွေကိုပါ ဂျပန်နိုင်ငံကို ခေါ်ယူနိုင်ဖို့ အစီစဉ်မကြာခင်မှာ ဖြစ်လာတော့မည်ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြပါရှိသည်။

ဂျပန်နိုင်ငံမှာ အလုပ်သမားလိုအပ်ချက် များပြားလာနေတဲ့အတွက် တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးတဲ့ပုံစံနဲ့ နိုင်ငံခြားအလုပ်သမားများကို တံခါးဖွင့်ပေးဖို့ ကြိုးစားနေပါတယ်၊ ဒါကြောင့်မို့ တစ်ဖက်မှာလည်း ရွေ့ပြောင်းလုပ်သားတွေ ဂျပန်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာမှာကိုလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဂျပန်ဟာ သူ့နိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်အတွက် ဖွင့်ပေးဖို့လိုကြောင်း သိခဲ့ပေမယ့် အလုပ်သမားဈေးကွက်ကို ထိန်းချုပ်ထားတာကြောင့် လိုအပ်သလောက် လုပ်သား မပြည့်မီတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နောက်နှစ် ဧပြီလ အစောပိုင်းလောက်ကစလို့ အခြေခံလုပ်သားတွေ ဝင်လာနိုင်အောင် တံခါးဖွင့်ဖို့ကို ရှင်ဇိုအာဘေးအစိုးရက လိုလားနေပါတယ်။ နိုင်ငံအတွက် အကြီးအကျယ်လိုအပ်နေတဲ့ လုပ်ငန်းခွင်တွေဖြစ်တဲ့ စိုက်ပျိုးရေး၊ သူနာပြု နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့် ဗီဇာ ၅ နှစ်နဲ့အထက် သက်တမ်းပေးဖို့ ရှိနေပါတယ်။

အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ ကျွမ်းကျင်မှုလည်းရှိမယ်၊ ဂျပန်ဘာသာစကားကိုလည်း ရေရေလည်လည်ပြောဆိုနိုင်သူတွေဖြစ်မယ်ဆိုရင် ဗီဇာသက်တမ်း ထပ်တိုးပေးဖို့နဲ့ မိသားစုဝင်တွေကိုပါ ခေါ်ယူနေထိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။


အခုလိုမျိုး နိုင်ငံခြားသား လုပ်သားရေးရာနဲ့ ပက်သက်ပြီး ဂျပန်နိုင်ငံရဲ့ အစဉ်အလာကို ပထမဦးဆုံး ချိုးဖောက်လိုက်တဲ့ ပုံစံသစ်ကြောင့် နိုင်ငံရေးပါတီတွေကြားမှာလည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါပေမယ့် ဂျပန်စီးပွားရေး အသိုင်းအဝိုင်းကတော့ အလုပ်သမားရရှိရေးအတွက် ဒီလိုမျိုးပုံစံပြောင်းလဲမှုကို မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ တိုကျိုမြို့ အနောက်မြောက်ပိုင်း အီဇူမီ မှာရှိတဲ့ စက်ရုံမှာဆိုရင် ၃၀ ရာခိုင်းနှုန်းက နိုင်ငံခြားအလုပ်သမားတွေဖြစ်ပြီး အများစုမှာ အင်ဒိုနီးရှား နဲ့ ဘရာဇီးတို့ ဖြစ်ပါတယ်။

သူတို့မရှိပဲနဲ့ ကျွန်တော်တို့ ဆက်သွားဖို့ မဖြစ်နိုင်ပါဘူး” ဟု အဆိုပါစက်ရုံပိုင် ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိ တာကာမီချီ ဆူကာဒါ က ပြောပါတယ်။ ဒီစက်ရုံဟာ ဂျပန်နိုင်ငံ စီးပွားရေးအတွက် အရေးပါတဲ့ ဟီတာချီနဲ့ ပါနာဆိုးနစ် ကုမ္ပဏီကြီးတွေအတွက် အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

လက်ရှိ ဂျပန်မှာနေထိုင်သူ နိုင်ငံခြားသားဦးရေ ၂.၆၃ သန်းခန့်ရှိနေပြီး ဒါဟာ ဂျပန်လူဦးရေရဲ့  ၂ ရာခိုင်နှုန်းရှိနေတာကြောင့် မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေအနေနဲ့ နိုင်ငံခြားသားလုပ်သားတွေကို အလုပ်သမားလို မဆက်ဆံပဲ လူသားတွေလို ဆက်ဆံကြဖို့လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလူတွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့ အခန်းက်ဍတွေကနေ ပါဝင်နေလို့ဖြစ်ပါတယ်” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ Ippei Torii က ပြောဆိုခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ လက်ရှိအစိုးရရဲ့ ပြောကြားချက်မှာတော့ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေကို ဂျပန်မှာ ကြာရှည်နေနိုင်အောင် ဖန်တီးပေးမှာဖြစ်ပြီး တော်ရုံသင့်ရုံ အရည်းချင်းရှိသူတွေကိုလည်း အလုပ်လုပ်ဖို့ လက်ခံမှာ ဖြစ်ကြောင်း ဖော်ပြထာသည်။

 

Ref: CNA

 


14 Nov 2018     1,773 Views




RELATED

Most Popular of International News

Most Popular of NEWS