BEC-TERO TV

တရားဝင်ကွာရှင်းပြတ်စဲပြီးရင် ကလေးတွေကိုတစ်ဝက်စီခွဲယူတော့မယ့် ဂျိုလီနဲ့ ပစ်

16 Nov 2018     1,347 Views


အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အန်ဂျလီနာဂျိုလီနဲ့ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်တို့ဟာ ကွားရှင်းပြတ်စဲဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ တရားရုံးကိုအဆိုတင်သွင်းခဲ့ပါတယ်။ တရားဝင်ကွာရှင်းပြတ်စဲဖို့ ရုံးတော်က အမိန့်ချမှတ်ခြင်းတော့ မရှိသေးတာကြောင့် သူတို့ နှစ်ဦးဟာတရားရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့ ပရိတ်သတ်များကတော့ သူတို့နှစ်ယောက်ကိုပြန်ပေါင်းထုပ်ဖို့ မျှော်လင့်နေကြတုန်းပါပဲ။

ဂျိုလီနဲ့ ပစ်တို့ အကြင်လင်မယားအဖြစ်ရှိနေစဉ်ကာလအတောအတွင်းက မိဘမဲ့ကလေးများကို မွေးစားခဲ့ကြတာတော့လူတိုင်းအသိပါပဲ။ ကလေးကတော့ ၆ ယောက်ပါ။ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မတ်ဒေါ့စ်၊ အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ ပက်စ်၊ အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ ရှီလို့ဟ်၊ အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ ဗီဗီယန် နဲ့ နော့စ် တို့ပဲဖြစ်ပါတယ်။ ထိုကလေး ၆ ယောက်ထဲမှ ဗီဗီယန်နဲ့ နော့စ်အမွှာနှစ်ယောက်တို့က သားသမီးအရင်းများဖြစ်ကြပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေအရ မိဘနှစ်ဦးကွာရှင်းပြတ်စဲတဲ့အခါမှာ သားသမီးများကိုတစ်ဝက်စီခွဲယူရတာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှ ဂျိုလီနဲ့ ပစ်တို့ နှစ်ယောက်ကွာရှင်းပြတ်စဲဖို့နောက်ဆုံး ရုံးချိန်းကို လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့အဖြစ်သတ်မှတ်လိုက်ပါပြီ။ အကယ်၍ အမှန်တကယ် အတိအလင်းကွာရှင်းပြတ်စဲခဲ့မယ်ဆိုရင်ဥပဒေအရ ကလေးတွေကို တစ်ဝက်စီခွဲယူရမှာဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ကတော့ ငယ်စဉ်ကတည်းက အတူနေဆော့ကစားလာကြတာဖြစ်တဲ့အတွက် ခွဲဖို့ကို တွန့်ဆုတ်နေကြပါတယ်။ မွေးစားထားတဲ့သားသမီးများကို ခွဲလိုက်တာတော့ ကိစ္စမရှိပေမဲ့ သားသမီးအရင်းဖြစ်တဲ့အမွှာနှစ်ယောက်ကိုလဲ ခွဲပစ်လေမလားလို့ လူထုကထင်ကြေတွေအမျိုးမျိုးပေးနေကြပါတယ်။ ဒီအမှုကိုကိုင်တွယ်တဲ့ အကျိုးဆောင်ရှေ့နေ ဒေးဗစ်တီပီဆာရာ ကတော့ ကလေးတွေကိုမခွဲပစ်စေချင်ပဲ အတူတကွဆက်လက်တည်ရှိစေချင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေအတွက် ဒီလိုအချိန်မှာ ခွဲခွာခြင်းက ရက်စက်လွန်း အားကြီးတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ပြည်နယ်ရဲ့ ဥပဒေအရတော့ ကလေးတွေအကုန်လုံးကို ဂျိုလီနဲ့ ပစ်တို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ခေါ်ထားမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်ရာကျပါလိမ့်မယ် လို့ပြောထားပါသေးတယ်။ တရားရုံးအနေနဲ့ကတော့ ဂျိုလီနဲ့ ပစ်တို့ ပြန်ပေါင်းထုပ်ဖို့အတွက်ဆန္ဒရှိတဲ့ပုံပါပဲ။

လာမယ့် နောက်ဆုံးရုံးချိန်းမှာ ဂျိုလီနဲ့ ပစ်တို့ဟာ ကလေးဘယ်သူတွေကိုလုကြမလဲ? ကလေးတွေရဲ့ ရွေးချယ်မှုကဘယ်သူလဲဆိုတာ သိရမှာပါ။ ကယ်လီဖိုးနီးယားပြည်နယ်ဥပဒေအရ မိဘတွေကွာရှင်းပြတ်စဲတဲ့အခါမှာ ကလေးတွေဟာသူတို့ လိုက်ချင်တဲ့ဘက်ကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သားအကြီးဆုံးဖြစ်တဲ့ မတ်ဒေါ့စ်ကလဲ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့အတွက် စဉ်းစားဆင်ခြင်တတ်တဲ့အရွယ်ရောက်နေပါပြီ။ ဒုတိယအကြီးဆုံးဖြစ်တဲ့ ပက်စ်ကတော့ ၁၄ နှစ်ရှိပြီ ဖြစ်ပြီး ဒီအကြီးဆုံးကလေးနှစ်ယောက်ကရော ဘယ်သူတွေကိုရွေးချယ်ကြမှာလဲ?

တရားသူကြီးများကတော့ ဒီလိုကိစ္စမျိုးကို ကလေးတွေကိုဆုံးဖြတ်ခိုင်းရမှာ နာကျင်စရာကောင်းတယ်ဆိုပေမဲ့ ဥပဒေအရမို့ သူတို့လဲ မတတ်သာပဲ ဆုံးဖြတ်ခိုင်းရမှာဖြစ်တယ်လို့ ဒေးဗစ်ကဆိုထားပါတယ်။



16 Nov 2018     1,347 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS