BEC-TERO TV

လာအိုနှင့် ကန်မည်ပွဲထွက်လူစာရင်းတွင် အောင်သူ ပါဝင်လာဖို့ မသေချာ

16 Nov 2018     1,350 Views


မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ၁၆ ရက်နေ့ ၊ ဒီနေ့ ည ၇ နာရီအချိန်မှာ လာအိုအသင်းနှင့်အဝေးကွင်းမှာ ယှဉ်ဆိုင် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လာအိုအသင်းနှင့်ပွဲစဉ်မှာ မြန်မာလက်ရွေးစင်ဘောလုံးအသင်း၏ အဓိက ကစားသမား အောင်သူ ပါဝင်ဖို့မသေချာဘူးလို့ နည်းပြ အန်တိုနီဟေးက ပြောပါတယ်။ အောင်သူဟာ ကြံခိုင်မှုပိုင်း အနည်းငယ် လိုအပ်ချက်ရှိနေတာကြောင့် ကမ္ဘောဒီးယား အသင်းနှင့်ပွဲစဉ်မှာ ချန်လှပ်ထားခဲ့ပြီး ဒုတိယပိုင်းမှသာ ဝင်ရောက် ကစားစေခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယား အသင်းနှင့်ပွဲစဉ်မှာ မောင်မောင်လွင်၊ စည်သူအောင်၊ ရန်နိုင်ဦး၊ ဇင်မင်းထွန်း တို့နှင့်ပွဲထွက်စေခဲ့ပြီး ပထမပိုင်းမှာ ၀ - ၁ ဖြင့် ရှုံးနိမ့်ထားခဲ့ပြီး ဒုတိယပိုင်း အောင်သူဝင်ရောက်လာပြီး နောက်ပိုင်း သွင်းဂိုးတွေရရှိခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အောင်သူဟာ မြန်မာလက်ရွေးစင် အသင်းအတွက် အားထားရတဲ့ ကစားသမားဖြစ်တယ် ဆိုတာ သိသာစေပါတယ်။


လာအိုအသင်းဟာ အုပ်စု အဖွင့်ပွဲနှစ်ပွဲစလုံး ရှုံးနိမ့်ထားခဲ့တာကြောင့် မြန်မာအသင်းနှင့် ပွဲစဉ်မှာတော့ အနိုင်ရရှိဖို့အတွက် ဖောင်ဖျက်ကစားဖိုရှိနေမှာ ကျိန်းသေပါတယ်။ မြန်မာအသင်း၏ နည်းပြ အန်တိုနီဟေးဟာ အောင်သူမပါတဲ့ တိုက်စစ်ကို ပုံဖော်ကစား လိုတာကြောင့် မန္တာမြေမှာလိုပဲ ဂိုးပြတ်အနိုင်ရရှိမလား ဆိုတာတော့ ယနေ့ည ၇ နာရီမှာ စောင့်ကြည့်သွားကြရမည်ဖြစ်ပါတယ်။


16 Nov 2018     1,350 Views




RELATED

Most Popular of Football

Most Popular of Sport