BEC-TERO TV

နှုတ်ခမ်းသားလေးတေပန်းရောင်သမ်းနေပြီး သဘာဝအတိုင်းဖြစ်ဖို.နည်းလမ်းကောင်းလေးများ

10 Aug 2015     1,354 Views


နှုတ်ခမ်းသားလေးတေပန်းရောင်သမ်းနေပြီး သဘာဝအတိုင်းဖြစ်ဖို.နည်းလမ်းကောင်းလေးများ

(၁)  ပျားရည်နဲ့ လီမွန်ဆီ အကြည်ကိုအချိုးဆတူရောပြီးမဲနေတဲ့နှုတ်ခမ်းသားမှာသုတ်လိမ်းပြီး(၁)နာရီလောက်ထားပေးရပါမယ်။  (၁)နာရီကြာပြီးတဲ့ အခါမှာနူးညံ့တဲ့  အ၀တ်စလေးနဲ့သုတ်ပြီး နှုတ်ခမ်းသားမဲတာ သက်သာမှု ရှိမရှိ ကြည့်ရပါ။ ထိုနည်းလမ်းကို နှုတ်ခမ်းသားတွေပန်ရောင်သမ်းလာတဲ့ အထိ ထပ်ခါထပ်ခါ ပြုလုပ်ပေးမယ်ဆိုရင် ပိုပြီးတော့အကျိုးသက်ရောက်မှု ရှိပါတယ်။လီမွန်မှာ ပါတဲ့ အချဉ်ဓာတ်ကနှုတ်ခမ်းသားကိုအားဖြည့်ပေးပြီး ပျားရည်က ပန်းရောင်နှုတ်ခမ်းသားဖြစ်အောင် ကူညီပေးပါတယ်။

(၂)  အိပ်ရာမ၀င်ခင်မှာ နှုတ်ခမ်းသားတွေကို ကြက်ဆူဆီ လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းအရောင်မည်းတာကိုသက်သာလျော့ပါစေနိုင်ပါတယ်။

(၃)  ရေဓာတ်ပြည့်ဝဖို့လည်း အရေးကြီးပါတယ်။ နှုတ်ခမ်းသားတွေ မည်းနေတာက အဓိကအားဖြင့် ရေဓာတ်တွေ ခမ်းခြောက်လို့ ဖြစ်တက်တဲ့ အတွက်ကြောင့် တစ်နေ့ကိုရေ ၈ ဖန်ခွက်ကနေ ၁၀ ဖန်ခွက်ထိ သောက်သုံးပေးမယ်ဆိုရင် နှုတ်ခမ်းသားကရေဓာတ်ပြည့်ဝပြီး နှုတ်ခမ်းသားမည်းတာကိုသက်သာစေနိုင်ပါတယ်။

(၄)  သကြားမုန်လာတစ်လုံးကို ပါးပါးလှီးပြီးရေခဲသေတ္တာထဲမှာ သိမ်းထားပေးရပါမယ်။ ပြီးတဲ့ အခါမှာ ထိုလှီးထားတဲ့ အစိတ်လေးတွေနဲ့ နှုတ်ခမ်းသားလေးကို ညင်သာစွာ ပွတ်လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းရဲ့ မည်းနေတဲ့ အစိတ်အပိုင်းတွေက လျင်မြန်စွာပျောက်ကင်းပြီး ရက်ပိုင်းအတွင်းမှာ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်စေပါတယ်။

(၅)  အရည်ရွှမ်းပြီ့း လက်လက်ဆတ်ဆတ်ရှိတဲ့ သစ်သီးတွေနဲ့ နှုတ်ခမ်းသားကို ဂရုစိုက်တဲ့ အနေနဲ့သင့်တော်သလိုပွတ်ပေးနိုင်ပါတယ်။ သခွားသီး အရည်ကိုနေ့တိုင်း နှုတ်ခမ်းမှာစွတ်ပေးမယ်ဆိုရင်နှုတ်ခမ်းအစိုဓာတ်ကို ထိန်းထားပေးနိုင်ပြီး နှုတ်ခမ်းသားမည်းတာကိုလျင်မြန်စွာသက်သာစေနိုင်ပါတယ်။

(၆)  ကိုယ်အသုံးပြုနေတဲ့ နှုတ်ခမ်းနီတွေက  ဈေးပေါတဲ့ ၊ ဓာတ်မတည့်မှု ဖြစ်စေတဲ့ နှုတ်ခမ်းနီတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ သဘာဝအရ သစ်ဥသစ်ဖု နဲ့ပြုလုပ်ထားတဲ့ နှုတ်ခမ်းနီမျိုး ဒါမှမဟုတ် LIP BALMကိုအသုံးပြုပေးရမယ်ဆိုရင် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။


10 Aug 2015     1,354 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style