BEC-TERO TV

သူ crush ရတဲ့ မမကဘယ်သူလဲဆိုတာပြောပြလိုက်တဲ့ ချာအွန်ဝူး

04 Dec 2018     3,137 Views


My ID is a Gangnam beauty နဲ့လူသိများလာတဲ့ မင်းသားချောလေး ချာအွန်ဝူးဟာ တီဗီအစီအစဉ် တစ်ခုမှာ သူနောက်ထပ်ရိုက်ချင်တဲ့ ဒရာမာဇာတ်လမ်းပုံစံကိုပြောခဲ့ပါတယ်။ အွန်ဝူးက သူ့အနေနဲ့ ငယ်ရွယ်သေးတာကြောင့် ကျောင်းသားကားတွေမှာသာ ပါဝင်သရုပ်ဆောင်ခဲ့ရတာများတယ်လို့ပြောထားပါတယ်။ ပျိုမေတို့အသဲစွဲချာအွန်ဝူးက ရာဇဝင်ကား (သို့) နန်းတွင်းကားတွေမှာ ချောမောလှပတဲ့ သခင်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ချင်ပါတယ်တဲ့။ ပြီးတော့ သူကအရမ်းကို ရိုတဲ့ ရိုမန်တစ်ဒရာမာ မျိုးမှာလဲ သရုပ်ဆောင်ချင်ပါသေးတယ်တဲ့နော်။


သူက နောက်ထပ်ဇာတ်ကားအသစ်ရိုက်ဖို့ရှိလာရင် သူတွဲဖက်သရုပ်ဆောင်ချင်တဲ့ သရုပ်ဆောင်မင်းသမီးတွေကို ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံ့ ညီမလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Girls’ day အဖွဲ့မှ Hyeri နဲ့ နိုင်ငံ့ အချစ်ဦးလို့ တင်စားခေါ်ဝေါ်တဲ့ Suzy တို့ နှစ်ယောက်ထဲမှ တစ်ယောက်ကိုရွေးခိုင်းတဲ့အခါမှာတော့ Suzy ကိုအတူ သရုပ်ဆောင်ချင်တဲ့ မင်းသမီးအဖြစ်ရွေးချယ်ခဲ့ပါတယ်။


Sweet ဖြစ်ပြီး လန်းဆန်းတက်ကြွတဲ့အသွင်ရှိတဲ့ Kim Yoo Jung နဲ့ မည်သည့်အမျိုးသားသရုပ်ဆောင်နဲ့မဆိုလိုက်ဖက်ညီအောင် ချစ်စဖွယ်သရုပ်ဆောင်တတ်တဲ့ အသေးလေး Park Bo Young တို့ နှစ်ယောက်ထဲက တစ်ယောက်ရွေးခိုင်းတဲ့အခါမှာတော့ Park Bo Young ကိုရွေးချယ်ခဲ့ပါတယ်။



အစီအစဉ်တင်ဆက်သူက Park Bo Young နဲ့ Suzy တို့  နှစ်ယောက်ထဲကတစ်ယောက်ရွေးခိုင်းတဲ့အခါမှာတော့ Suzy ကိုရွေးချယ်ခဲ့ပါတယ်။


ဒါပေမဲ့ ချာအွန်ဝူးက ပြီးခဲ့တဲ့ ၂၀၁၇ မှာ သူတစ်ဖက်သတ် crush နေရတဲ့ သရုပ်ဆောင်ရှိတဲ့အကြောင်း တခြားတီဗွီအစီအစဉ်တစ်ခုမှာပြောထားဖူးပါတယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး ချစ်စရာကောင်းတဲ့ ပါးချိုင့်ခွက်ခွက်လေးတွေရဲ့ ပိုင်ရှင် Shin Min Ah ဖြစ်ပါတယ်။


 

သူအကြိုက်ဆုံး နှစ်ယောက်ဖြစ်တဲ့ Shin Min Ah နဲ့ Suzy တို့နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးချယ်ခိုင်းတဲ့အခါမှာတော့ Shin Min Ah ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့သူက နှစ်ယောက်လုံးကိုရွေးချင်တာပါတဲ့ Shin Min Ah နဲ့ကျတော့ ရှေးရာဇဝင်ကားမှာ သရုပ်ဆောင်မယ်၊ Suzy နဲ့ကျတော့ အရမ်းရိုတဲ့ melodrama ဇာတ်လမ်းမျိုးမှာအတူသရုပ်ဆောင်ချင်တယ်လို့ပြောထားပါတယ်။ တကယ်ကိုမလွယ်တဲ့ ကောင်လေးပါပဲနော်။



04 Dec 2018     3,137 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS