BEC-TERO TV

ပုသိမ်မြို့KTV တစ်ခုမှာ အမည်မသိလူငယ်ကိုးဦးမှ ဝန်ထမ်းအမျိုးသားအား ဓားဖြင့်ထိုးသတ်

05 Dec 2018     1,391 Views


ဒီဇင်ဘာ ၂ ရက် နံနက် ၂နာရီခွဲ အချိန်က ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ KTV တစ်ခုတွင် အမည်မသိလူငယ်ကိုးဦး လာရောက်စားသောက်ပြီး ပိုက်ဆံမရှင်းဘဲထွက်သွားသည်ကို ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်က ဗိုလ်ဘဌေးလမ်းပေါ်အထိ ကျသင့်ငွေလိုက်လံတောင်းခံရာမှ စကားများခဲ့ကြပြီး ထိုလူငယ်ကိုးဦးထဲမှတစ်ဦးက လမ်းပေါ်တွင် ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်ကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။


ဝန်ထမ်းအမျိုးသားအား ဓားဖြင့်ထိုးသတ်သည့်အမှုမှ ထွက်ပြေးသွားသူများအနက် ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးမှာ လွတ်မြောက်နေကြောင်းသိရသည်။ဓါးဖြင့် အထိုးခံရသူ စိုင်းဝဏ္ဏကျော်တွင် ယာဘက်နံစောင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး ပုသိမ်ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသစဉ် သေဆုံးခဲ့သောကြောင်းသိရသည်။


ဓားဖြင့်ထိုးသတ်ခဲ့သူ မြတ်ကိုကိုအောင် (၁၇ နှစ်) အပါအဝင် ခြောက်ဦးကို သက်သေခံဓားနှင့်တစ်ကွ ရကြည်ဦးရပ်ကွက်နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။အမှုတွင် ပါဝင်တိမ်းရှောင်သူ ၃ ဦးကို ထပ်မံ ဖမ်းဆီးနိုင်ရန် စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျှက်နေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေမှ ပြောသည်။

အဆိုပါအမှုနှင့် ပါတ်သတ်ပြီး တရားခံ ၉ ဦးကို ပုသိမ်နယ်မြေ ရဲစခန်းက (ပ) ၅၃၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။


05 Dec 2018     1,391 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS