BEC-TERO TV

အရေပြားတွင်ဖြစ်သောမှဲ့ခြောက်၊တင်းတိပ်များအကြောင်း

10 Aug 2015     2,080 Views


နေရောင်ခြည် အထိများတဲ့သူတွေမှာ မျက်နှာမှာအမဲရောင်အစက်အပြောက်လေးတွေဖြစ်တက်ပါတယ် ။ဒီအစက်အပြောက်လေးတွေဟာ တင်းတိပ် ၊မှဲ့ခြောက်နဲ့လဲ ဆင်တူပါတယ်။ဖြစ်ရတဲ့အကြောင်းကတော့ နေရောင်ခြည်ကို အချိန်ကြာမြင့်စွာထိတွေ့ရတဲ့သူတွေမှာ ဒီအစက်အပျောက်လေးတွေဖြစ်တက်ပါတယ်။
 
အမဲစက်လေးတွေဟာ မျက်နှာမှာရှိပေမဲ့ အန္တာရယ် မရှိနိုင်ပါဘူး ကင်ဆာဖြစ်ဖို့ကိုလဲ အလားအလာ နည်းပါတယ်။အရေပြားကင်ဆာရောဂါနဲ့ ရောထွေးနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အစက်တွေဖြစ်နေတယ် စိတ်မရှင်းဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ပြသတာက အကောင်းဆုံးဖြစ်ပါတယ်။
 
ပုံစံကတော့ နှစ်မျိုးရှိပါတယ် အနီရောင် အစက်လေး နဲ့ပွားလာ တက်တဲ့ အစက်လေးတွေဖြစ်ပါတယ်။နေရောင်ထိတွေ့တဲ့နေရာမှာ အနီရောင် အစက်တွေဖြစ်မယ် များလာပြီဆိုရင်စိတ်ထဲမှာလဲ အနှောက်အယှက်ဖြစ်လာတယ်ဆိုရင် ဆရာဝန်ကို အမြန်ဆုံးပြသသင့်ပါတယ်။တဖြည်းဖြည်းပျောက်အောင် ကုသလို့ရပါတယ်။
 
Cream တွေသုံးပြီး ကုသလို့ရတယ် လေဆာ သုံးပြီးကုသလို့ရပါတယ် ။ကာကွယ်မယ်ဆိုရင် အဓိကကတော့ နေရောင်ခြည်ထိတွေ့ခြင်းကြောင်းဖြစ်တာပါ ထို့ကြောင့် နေရောင်ခြည်နဲ့မထိတွေ့ရအောင်ကာကွယ်နည်းတွေနဲ့ကာကွယ်လို့ရပါတယ်။suncream တွေနဲ့လဲ ကာကွယ်လို့ရပါတယ်။ ဦးထုပ် အကြီးတွေဆောင်းခြင်းဖြင့် ပါး ၊ပုခုံး တို့ကို နေရောင်ခြည်ထိတွေ့မှုမရှိအောင် ကာကွယ်လို့ရပါတယ်။
 
ဒီရောဂါက ကြီးကြီးမားမား အန္တာရာယ် တော့မရှိပါဘူး အထူးသဖြင့် နေရောင်ခြည်ထိတွေ့မှုများလို့ ဖြစ်လာတဲ့ရောဂါဖြစ်ပါတယ်။ထို့ကြောင့် အနီအစက်လေးတွေ ပေါ်လာလို့ စိတ်မချဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသာတာ အကောင်းဆုံးဖြစ်ပါတယ်။

10 Aug 2015     2,080 Views




RELATED

Most Popular of Health Fix

Most Popular of Life Style