BEC-TERO TV

ရိုဆန်လွန်းတဲ့မင်္ဂလာပွဲကြောင့် ကြည့်မိသူတိုင်းအားကျနေရတဲ့ မောင်မောင်အေးတို့စုံတွဲ ဗီဒီယို

06 Dec 2018     1,489 Views


အများကလေးစားချစ်ခင် သဘောကျရတဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်အေးကတော့ စံပြလူပျိုကြီးအဖြစ်နဲ့ အချိန်တော်တော်ကြာတစ်ကိုယ်တော်ထဲရွက်လွှင့်နေသူဖြစ်ပါတယ်။ ခင်မင်သူမိတ်ဆွေအပေါင်းအသင်းများသာမက ပရိသတ်တွေကပါ လူပျိုကြီးဘ၀နဲ့အရိုးထုတ်သွားတော့မယ်လို့ထင်ထားခဲ့ကြပေမယ့် ရုတ်တရက်ဆိုသလို ငယ်ငယ်ချောချော ကောင်မလေးတစ်ယေက်နဲ့ ထိမ်းမြားလက်ထက်သွားပြီပဲဖြစ်ပါတယ်။ အသက် (၁၄) နှစ်ငယ်ပြီး တရုတ်မင်းသမီးလေးလို ချောမောတဲ့ဇနီးချောလေးကိုပိုင်ဆိုင်လိုက်ရတဲ့အတွက်လဲ ကိုမောင်မောင်အေးတစ်ယောက် အပြုံးပန်းတွေဝေဆာလို့နေပါတယ်။




ဒီဇင်ဘာ ၃ ရက်နေ့က လူသိရှင်ကြား မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲကို မနေ့ညက ThuwunnaBuMi Event Park မှာအကြီးအကျယ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ ခင်မင်သူမိတ်ဆွေအပေါင်းအသင်းများနဲ့ အနုပညာအသိုင်းအ၀ိုင်းမှ ညီအစ်ကိုမောင်နှမများစွာတက်ရောက်ဂုဏ်ပြုခဲ့ကြတာကိုတွေ့ရပါတယ်။ လူပျိုကြီးမောင်မောင်အေးကတော့ သူ့ရဲ့မင်္ဂလာပွဲကိုအများနဲ့မတူ ရိုအဆန်ဆုံးဖြစ်အောင်ကျင်းပပြုလုပ်ခဲ့တဲ့အပြင် မင်္ဂလာသတို့သမီးလေးကိုလဲ တစ်သက်မမေ့နိုင်စရာ မင်္ဂလာပွဲလေးဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။



မင်္ဂလာလျှောက်လှမ်းထက်ဆီကို အကောင်းစားကားကြီးစီးပြီး ခပ်မိုက်မိုက်ရောက်ရှိလာတဲ့ သတို့သမီးရဲ့ပုံရိပ်တွေနဲ့ မိုးပျံပူဖောင်းလေးတွေလွှတ်တင်ရင်း အနမ်းတွေတစ်ဝကြီးခြွေခဲ့ကြတဲ့ မင်္ဂလာစုံတွဲပုံရိပ်တွေကတော့ ကြည့်မိသူတိုင်းကို ချက်ခြင်းမင်္ဂလာပြေးဆောင်ချင်လောက်အောင် အားကျမဆုံးဖြစ်စေခဲ့ပါတယ်။ ရိုမန့်တစ်ဆန်လွန်းသော မင်္ဂလာပွဲကိုကျင်းပခဲ့တဲ့ မောင်မောင်အေးတို့စုံတွဲရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်...






06 Dec 2018     1,489 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment