BEC-TERO TV

အလှမယ်ရွှေအိမ်စည်နဲ့ ပွဲစီစဉ်သူ organizer တို့ကြားကရှုပ်ထွေးတဲ့ပြဿနာ

07 Dec 2018     1,474 Views


ယခုလက်ရှိ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Miss Supranational 2018 ပြိုင်ပွဲ ကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ရွှေအိမ်စည်က သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။


အလှမယ်ရွှေအိမ်စည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ မှာ Miss Golden Land Myanmar 2018 ရဲ့ အနိုင်ရရှိသူတစ်ဦးဖြစ်ပြီး ယခုသူမ ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်နေစဉ်ကာလအတွင်း Miss Golden Land Myanmar Organization မှ မည်သည့် ထောက်ပံ့ခြင်းမျိုးမှ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။


Miss World 2018 မှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ်ဟန်တီဆိုလျှင် Miss Myanmar World ရဲ့ ထောက်ပံ့မှုကိုအပြည့်အဝရရှိတာဖြစ်ပါတယ်။

ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းဆိုလျှင် ပွဲစီစဉ်သူ အဖွဲ့အစည်းတစ်ခုဟာ ၎င်းနဲ့ သက်ဆိုင်တဲ့ Miss ကိုခေါင်းအစ ခြေအဆုံး၊ မိတ်ကပ်အပြင်၊ ဝတ်စုံတွေကအစ အထောက်အပံ့ပေးရမှာ Organizar တွေရဲ့ ထုံးစံဖြစ်ပါတယ်။ ထိုကဲ့သို့ အစအဆုံး မထောက်ပံ့ပေးနိုင်ရင်တောင် အနည်းဆုံး round တစ်ခုလောက်တော့ ပံ့ပိုးပေးရမှာ organization တစ်ခုရဲ့ တာဝန်ဝတ္တရားဖြစ်ပေမဲ့ အလှမယ်ရွှေအိမ်စည်အနိုင်ရရှိခဲ့တဲ့ Miss Golden Land Myanmar အဖွဲ့အစည်းကတော့ အိမ်စည့်ကို ထောက်ပံ့ခြင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။

ရွှေအိမ်စည်တစ်ယောက် ပိုလန်ကိုပြိုင်ပွဲအတွက်သွားရောက်ရမည်ဆိုကတည်းက အဆိုပါ organization ကသူမကို မသွားခင်ကတည်းကဒီနှစ်ကိုထားလိုက်ပြီး နောက်နှစ်မှသွားရောက်ယှဉ်ပြိုင်ဖို့ပြောခဲ့တာပါ။ ပြိုင်ပွဲပြိုင်ခါနီးတဲ့အခါမှ ဟိုလူလိုက်မှာလိုလို ဒီလူလိုက်မှာလိုလိုဖြစ်ပြီး မည်သူမှ မလိုက်တာကြောင့် အလှမယ် ရွှေအိမ်စည်ဟာ သူ့အထုပ်သူဆွဲပြီး တစ်ကိုယ်တည်း ပိုလန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Miss Supranational 2018 မှာ သူမဝတ်နေတဲ့ အဝတ်အစားတွေ ကလဲ အမေဖြစ်သူက အင်္ဂလန်ကနေဝယ်ပို့ပေးတဲ့အဝတ်အစားများသာဖြစ်ပါတယ်။ Miss Golden Land Myanmar အဖွဲ့အစည်းဟာအခုချိန်ထိ ထောက်ပံ့ပေးခြင်းမရှိတဲ့ အပြင် facebook page ကိုပါပိတ်ထားခဲ့တာဖြစ်ပါတယ်။


ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ဖြန်မနက် မြန်မာစံတော်ချိန် ၂ နာရီအချိန်မှာ အလှမယ် ရွှေအိမ်စည်ဟာ Miss Supranational 2018 ရဲ့ final night နောက်ဆုံးညကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲတိုင်းမှာ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ Evening Gown ကိုဝတ်ပြီးပြိုင်ရမှာဖြစ်ပြီး ထိုအတွက်လဲ organization ကယခုအချိန်ထိဘာမှကူညီပံ့ပိုးခြင်းမရှိသေးပါဘူး။ လာမယ်လာမယ် ပြောပြီး မြန်မာနိုင်ငံမှ အခုအချိန်ထိ ဘယ်သူမှလိုက်သွားခြင်းမျိုးမရှိသေးတဲ့အတွက် ရွှေအိမ်စည်တစ်ယောက် Evening Gown ဝတ်စုံအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးလို့အခက်တွေ့နေပါတယ်။


ဒီလိုမျိုးအခက်အခဲတွေနဲ့ တိုင်းတစ်ပါးမှာ ရင်ဆိုင်နေရပေမယ့် အလှမယ်ရွှေအိမ်စည်ကတော့ ပြိုင်ပွဲမှာအတတ်နိုင်ဆုံးကြိုးစားပြီး ယှဉ်ပြိုင်နေတာပါ။ သူမအနေနဲ့ nominee တွေအကုန်လုံးမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး Miss Supranational 2018 ရဲ့ သရဖူကိုရရှိနိုင်ဖို့အခွင့်အရေးတွေအများကြီး ရှိနေပေမဲ့ Evening Gown က မစီစဉ်ရသေးတဲ့အတွက်ကြောင့် ဘယ်လိုတွေဖြစ်လာဦးမယ်ဆိုတာ မတွေးရဲစရာပါပဲ။


 


07 Dec 2018     1,474 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS