BEC-TERO TV

ရိုက်ကွင်းမှာ မျက်လုံးကို ထိခိုက်မိလို့ ဒေါသအကြီးအကျယ်ထွက်နေတဲ့ ဇေရဲထက်

12 Dec 2018     1,261 Views


ဗီဒီယိုဇာတ်ကားများစွာနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာသူ ဇေရဲထက်တစ်ယောက် ရိုက်ကွင်းပေါ်မှာ မျက်လုံးထိခိုက်မိခဲ့လို့ ဒေါသဖြစ်နေခဲ့ပါတယ်။ ဗီဒီယိုမင်းသားလို့ ခေါ်ရလောက်အောင် ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေအားပေးမှုကို လက်ခံရရှိထားသူ ဇေရဲထက်ဟာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။


ရှုတင်မှာ ဇာတ်ကားရိုက်ကူးရင်း မျက်လုံးထိခိုက်မိခဲ့တယ်ဆိုတာကို ဇေရဲထက်က ဒီဇင်ဘာ ၉ ရက်နေ့နဲ့ မနေ့ညကလည်း တင်ထားခဲ့တာဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ အသက်တမျှ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီးတော့ အခန့်မသင့်ဖြစ်ရာကနေ မျက်လုံးကွယ်သည်အထိ စိုးရိမ်စရာဖြစ်တဲ့အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ သူ့ရဲ့ ထိခိုက်မိတဲ့မျက်လုံးကို ဓာတ်ပုံရိုက်ပြီးတင်ထားခဲ့ပြီးတော့ ဝဋ်ကြွေးတွေကြေဖို့လည်းဆုတောင်းထားပါသေးတယ်။


ငါ ရူတင်မှာ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တဲ့မျက်လုံးခိုက်မိတော့ စောက်ပါးစပ်တွေပိတ်နေကြတယ်၊ ငါသာဘာမှမဟုတ်တဲ့ကေ့စ်လေးတခုဖြစ်ကြည့်ပါလားစောက်ပါးစပ်တွေက အောက်တန်းစားတွေလိုထွက်လာလိမ့်မယ်၊ ငါဆိုတဲ့ကောင်ကလည်း အရင်စိတ်နဲ့ဆိုလက်စားချေမိမှာအမှန်ပဲ၊ အရာအားလုံးကို စိတ်လျော့ပြီးဆက်ဆံနေတာ စောက်မကောင်းတာတွေပဲအပြောခံနေရလို့သရုပ်ဆောင်ရဲ့အသက်က မျက်လုံးဆိုတာသိသိရဲ့နဲ့စနောက်သလိုစောက်ချိုးတွေချိုးနေတားငါ့မျက်လုံးကြည့်တိုင်းလူသတ်ချင်စိတ်တွေထွက်ထွက်လာတယ်၊တခုခုဖြစ်သွားရင် တာဝန်ယူမယ့်သူတစ်ယောက်မှမရှိဘူးဆိုတာ သိတယ်၊လူဆိုတာ ဆင်းရဲရဲချမ်းသာသာ စောက်အသိတရားမရှိရင် ငတ်နေမှာပဲ”


“ဒီလောကမှာ မမြင်ချင်ကြဘူးဆိုတာလည်းသိတယ်၊ ငါဆိုတဲ့ကောင်ကလည်း အရမ်းသံယောဇဉ်ကြီးသလို လွယ်လွယ်နဲ့ရောက်လာတဲ့နေရာမဟုတ်လို့၊အငတ်ခံပြီးရောက်လာခဲ့တဲ့နေရာမို့ မစွန့်လွှတ်နိုင်တာ၊ ငါအခုချိန်ထိဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စော်ကားထားခြင်းမရှိဘူး၊ ကျေးဇူးတင်ရင်တောင်ငါ့ကိုတင်ရမှာ ငါပေးထားကျွေးထားတာပဲရှိတယ်၊ ငါတစ်ယောက်ဆီကမှ မတောင်ထားဖူးဘူး ၊ OK ! ကျနော်လည်း လူတစ်ယောက်ပါ။ ခံစားတတ်တယ်၊ ပေါက်ကွဲတတ်တယ်၊ နာကျည်းတတ်တယ်၊ လက်စားချေတတ်တယ်” လို့ ဒေါသဖြစ်စွာရေးသားထားတာကိုတွေ့ရပါတယ်။



12 Dec 2018     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS