BEC-TERO TV

တရုတ်အစိုးရက တားမြစ်လိုက်တဲ့ နာမည်ကြီး ဗီဒီယို ဂိမ်းများ

14 Dec 2018     1,434 Views


တရုတ်အစိုးရက ချမှတ်ထားတဲ့ ကွန်မြူနတီ စည်းကမ်းနှင့်မကိုက်ညီတဲ့ ဗီဒီယို ဂိမ်းတွေကို ဘန်းလိုက်တယ်လို့သိရပါတယ်။ အခုလ အစောပိုင်းတုန်းက တရုတ်နိုင်ငံ အစိုးရက Online Ethics Review Committee ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

အဆိုပါ အဖွဲ့က နိုင်ငံရဲ့ လူမှုရေးနှင့်ကျင့်ဝတ် စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ အွန်လိုင်းဂိမ်းတွေကို ရှာဖွေ အရေးယူခဲ့ပါတယ်။ အရင်ဆုံး Online Ethics Review Committee က စည်းမျဉ်းဖောက်တယ်လို့ ယူဆထားတဲ့ ဂိမ်းတွေကို ပြန်လည် စစ်ဆေးခဲ့ပြီး developer တွေထံကိုလည်း အကြောင်းကြားစာတွေ ပို့တယ်လို့ သိရပါတယ်။


ပထမဆုံး ရွေးချယ်လိုက်တဲ့ စုစုပေါင်း စာရင်းမှာ အွန်လိုင်းဂိမ်း ၂၀ ပါဝင်ခဲ့ပြိး သူတို့တွေထဲက ၁၁ ခုကို ကော်မတီဘက်က ပြန်လည် ပြင်ဆင် ဖို့ ခွင့်ပြုပေးခဲ့ပြီး အခြား ၉ ခုကတော့ နိုင်ငံအတွင်း တားမြစ်ထားတဲ့ ဂိမ်း စာရင်းထဲကို ရောက်ခဲ့ပါတယ်။ သူတို့ ၉ ခုထဲမှာ လတ်တလော အဟော့ဆုံး ဂိမ်းတွေဖြစ်ကြတဲ့ Fortnite, PUBG နဲ့ Paladins တို့လည်း ပါဝင်ကြပါတယ်။

အဆိုပါ ဂိမ်း ၃ ခု ကို လူငယ် ဂိမ်းမာတော်တော် များများ ကစားကြတဲ့ဂိမ်းတွေဖြစ်ကြပြီး အဲ့ဒီလို့ ပိတ်သိမ်းလိုက်တဲ့ အတွက်ကြောင့် တရုတ်နိုင်ငံမှာ ဘန်းခံလိုက်ရတဲ့ ဂိမ်းတွေကို ကစားခွင့်ရရှိတော့မည်မဟုတ်ပါ။


ပိတ်သိမ်းခြင်းခံလိုက်ရတဲ့ ဂိမ်း စာရင်းထဲက ဂိမ်းအများစုက Tencent နဲ့ NetEase တို့လို company တွေက ထုတ်လုပ်တာဖြစ်ပါတယ်။ အဆိုပါ ဂိမ်းတွေဟာ အနောက်တိုင်းမှာထက် တရုတ်ပြည်မှာ ပိုပြီး နာမည်ကြီးကြပါတယ်။ သူတို့တွေထဲက ၁၀ ခုဆို အနောက်တိုင်းမှာလည်း တော်တော်ကို နာမည်ကြီးတဲ့ League of Legends, Overwatch နဲ့ Fortnite တို့တွေပါ ပါဝင်ပါတယ်။


Reddit post တစ်ခုရဲ့ အဆိုအရ Riot ရဲ့ MOBA feature တွေက အမျိုးသမီး ဇာတ်ကောင်တွေကို အရမ်းဦးစားပေးပြီး ဂိမ်းနဲ့ မလိုက်ဖက်တဲ့ chat room တွေကို သုံးထားတာကြောင့် ခုလိုအဘန်းခံ ရတာလို့ သိရပါတယ်။

Overwatch, Diablo နဲ့ WoW တို့လည်း တားမြစ်တဲ့ ဂိမ်းစာရင်းထဲမှာပါတယ်လို့ သိရပါတယ်။ အဘန်းခံရတဲ့ ဂိမ်းအများစုက battle royale ဂိမ်းတွေဖြစ်ကြပါတယ်။ နာမည်ကြီး ဂိမ်းတွေ ဖြစ်တဲ့ PUBG, Fortnite, H1Z1 နဲ့ Ring of Elysium တို့ အားလုံးကို တရုတ်ပြည်မှ လူငယ်အများစုက ကစားကြပြီး “သွေးထွက်သံယို” (blood and gore) တွေပါတယ်ဆိုပြီး ဘန်းတာဖြစ်ပါတယ်။


နောက်ထပ် shooter ဂိမ်းတစ်ခုဖြစ်တဲ့ Paladins ကိုတော့ “အမျိုးသမီး ဇာတ်ကောင်များအား အလွန်အမင်း အသုံးချခြင်း”၊ “သွေးထွက်သံယို ပုံရိပ်များ သုံးခြင်း” နဲ့ “ရိုင်းပြသော အကြောင်းအရာပါ ပါဝင်ခြင်း” တို့ကြောင့် ဘန်းလိုက်တာ လို့ သိရပါတယ်။

အဘန်းခံရတဲ့ ဂိမ်း ၂၀ စာရင်းမှာ Tencent က ၆ ကြိမ်၊ Blizzard နဲ့ NetEase တို့က ၃ ကြိမ်နဲ့ ၄ ကြိမ်စီ အသီးသီး ပါဝင်ကြတယ်လို့ သိရပါတယ်။ လတ်တလော သတင်းအရ Fortnite, PUBG, H1Z1, Ring of Elysium နဲ့ Paladins တို့ကိုတော့ လုံးဝ တားးမြစ် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။


14 Dec 2018     1,434 Views




RELATED

Most Popular of International News

Most Popular of NEWS