BEC-TERO TV

ခါးရိုးတီဗီအကြောင်း

11 Aug 2015     1,498 Views


ခါးရိုးတီဗီဆိုတာ အရင်က အဆုတ်မှာ တီဗီ ဖြစ်ဘူးသူတွေဟာ အဆုတ်ရဲ့ တီဗီပိုးဟာ ခါးရိုးသို့ရောက်ရှိလာခြင်ဖြစ်ပါတယ် ။ဒီပိုးတွေဟာရောဂါကိုတိတိကျကျ ချက်ချင်းမသိရတဲ့အတွက်မကုသပဲထားမိမယ်ဆိုရင် အရိုးတွေစားသွားခြင်းအပြင် ခါးတွေကုန်းသွားတက်ပါတယ်။ပိုးဟာကြွက်သားတွေအထိရောက်လာတယ်ဆိုရင်တော့ တင်ပါးဆုံရိုးတွေပေါင်တစ်လျှောက်ရောင်ရမ်းတာတွေ ပြည်တည်တာတွေဖြစ်လာတဲ့အခါခွဲစိတ်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အဓိကအားဖြင့် တီဗီရေဂါဖြစ်တဲ့အချိန်မှာ မကုသပဲ ထားမယ် ဆိုရင်ကိုယ်ရဲ့အောက်ပိုင်းကို ကူးစပ်လာပြီးကျမ်းမာရေးရောဂါတွေတစ်ခုပြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ထို့ကြောင့်တီဗီရောဂါရှိပြီဆိုရင် တစ်ချက်ချင်းကုသရမှာဖြစ်ပါတယ်။ခုခံအားနည်းပြီး အာဟာရလဲ လုံလုံလောက်လောက်မရှိဘူးဆိုရင်တီဗီရောဂါကူးစပ်မှုနှုန်းပွားများလာဖို့အတွက် အခွင့်ကောင်းကြီးဖြစ်လာနိုင်ပါတယ်။

တီဗီရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းက အရိုးတီဗီရောဂါ နဲ့ ၅ ရာခိုင်နှုန်းကတော့ ခါးရိုးတီဗီရောဂါ ဖြစ်ပွားနိုင်ပါတယ် ။အင်ဒီးယား ၊တရုတ် ၊ရုရှား လူဦးရေထူထပ်တဲ့တိုင်းပြည်တွေမှာ ခါးရိုးတီဗီရောဂါပိုအဖြစ်များပါတယ်။အဓိက ကတော့တီဗီ ဖြစ်တဲ့အခါ အဆုတ်တီဗီဖြစ်တဲ့အခါ ချောင်းဆိုးတာကြာလာတယ်ဆိုပြီးသံသယဖြစ်ဖို့လွယ်ပါတယ်သလိပ်ထဲမှာသွေးပါလာတယ်ဆိုရင်တော့ပိုပြီးကြောက်ကြပါတယ်ထို့ကြောင့် ဆရာဝန်ဆီရောက်လာကြပါတယ် ။ဒီလိုရောက်လာပေမဲ့ ခါးရိုးတီဗီကိုသတိမထားမိကြပါဘူးခါးနာတာမကြာခနဖြစ်တာလူက ပိန်လာတာ၊ အစားအသောက်ခံတွင်းမလိုက်တာတွေ ၊ခံတွင်းပျက်တာတွေ ဒါတွေဖြစ်လာမယ်ဆို၇င် ခါးအဆစ်ရိုးမှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

တီဗီရောဂါ ဟာ နိုင်ငံတော်တော်များများမှာဖြစ်နေတဲ့ကူးစပ်ရောဂါဖြစ်နေတဲ့အတွက်ကရုစိုက်သင့်ပါတယ်။တီဗီရောဂါ ဖြစ်လာပြီဆိုရင်လဲ ပေါ့ပေါ့မနေပဲ သေချာကရုတစိုက် ဆေးပတ်လည်အောင်ကုသသင့်ပါတယ်။


11 Aug 2015     1,498 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style