BEC-TERO TV

၆ နှစ်အရွယ် ကလေးကို သားသမီးဇောနဲ့ ရိုက်နှက်ခဲ့တဲ့ လင်မယား ထောင်ကျဖွယ်ရာရှိ (ရုပ်သံ)

17 Dec 2018     1,365 Views


အသက် ၆ နှစ်အရွယ်ဝန်းကျင် ကလေး နှစ်ဦး ဘောလုံးကစားနေကြစဉ် တစ်ဦးက ဘောလုံးလုရင်း သူ့ဟာသူ ချော်လဲကျသွားခဲ့ပါတယ်။ ဒါကို တစ်ဖက်က ကလေးကြောင့် ဖြစ်တယ်ဆိုပြီး လဲကျသွားတဲ့ ကလေး မိဘနှစ်ပါးက ကွင်းထဲကို ဝင်လာကာ ကလေးကို ရိုက်နှက်ခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူက ချုပ်ပေးထားပြီး သူ့သားကို ပါးရိုက်ခိုင်းခဲ့ပါတယ်။

ဒီမျှနဲ့ မကျေနပ်သေးပဲ မိခင်ဖြစ်သူကပါ ကွင်းထဲကို ဒေါသတကြီးနဲ့ ဝင်လာပြီး ကလေးကို ရိုက်နှက်ဆောင့်တွန်းခဲ့ပါတယ်။


အဆိုပါ ဖြစ်စဉ်ဟာ ဒီဇင်ဘာ ၉ ရက်နေ့က ဘရာဇီးနိုင်ငံမှာ ရှိတဲ့ ကွန်ဒိုမီနီယမ် ထဲက ကစားကွင်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အပြစ်မရှိတဲ့ ကလေးကို သားသမီးချင်း မစာနာပဲ ဝိုင်းဝန်းကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြတဲ့ လင်မယား (Alexandre Campos နဲ့ Danielle Santos) တို့ နှစ်ဦးစလုံး တရားရင်ဆိုင်ရမှာဖြစ်ပြီး ထောင်ကျနိုင်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။


စီစီတီဗီရုပ်သံမှာတော့ ကလေးနှစ်ဦး ကစားစဉ် တစ်ဦးက ဘောလုံးဆွဲသွားရင်း ခြေချော်လဲကျသွားပါတယ်။ ဒါကို အခြားကလေးက ဆက်မကစားတော့ပဲ ရပ်ကြည့်နေခဲ့ပါတယ်။ နှစ်မိနစ်ခန့်အကြာမှာတော့ ချော်လဲသွားတဲ့ ကလေးအဖေဖြစ်သူ Mr Campos က သူ့သားကို လက်တစ်ဖက်နဲ့ ဆွဲလားရင်း သူ့သားရဲ့ ကစားဖော်ကို ပြခိုင်းပြီးနောက် တစ်ချက်ရိုက်လိုက်ပါတယ် အဲဒီနောက် သားဖြစ်သူကိုလည်း ပါးရိုက်ဖို့ ချုပ်ပေးထားပါတယ်။


သိပ်မကြာခင်မှာ မိခင်ဖြစ်သူပါ ထပ်ရောက်လာပြီး ငါ့သားကိုလုပ်တာ ဒီကောင်လားဆိုပြီး ကလေးကို ထပ်မံစောင့်တွန်းချလိုက်ပါတယ်။


ရိုက်နှက်ခံရတဲ့ ကလေးရဲ့ အဒေါ်ဖြစ်သူက ဒီကိစ္စအပေါ် အလွန်စိတ်မကောင်းဖြစ်ကြောင်း သူ့တူလေးကို လူကြီးတွေက ဘာမသိညာမသိနဲ့ စွပ်စွဲပြီးရိုက်နှက်ခဲ့ကြကြောင်း၊ ဒီကလေးဟာ မိသားစုတွေနဲ့ နွေးနွေးထွေးထွေးနေတတ်တဲ့ ကလေးဖြစ်ပြီး သူတစ်ပါးကို နာကျင်အောင် မလုပ်တတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်ကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားပြီး ရိုက်နှက်သွားတဲ့ စုံတွဲအနေနဲ့ ထောင်ဒဏ် တစ်နှစ်နဲ့အထက် ကျခံရဖွယ်ရှိကြောင်း သိရှိရသည်။


17 Dec 2018     1,365 Views




RELATED

Most Popular of International News

Most Popular of NEWS