BEC-TERO TV

Shinee Jong Hyun ရဲ့ သေဆုံးခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲပြုလုပ်

18 Dec 2018     1,400 Views


ကြယ်တစ်ပွင့်ကြွေခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ မနှစ်က ဒီလို နေ့ရက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သူချစ်တဲ့လူတွေ၊ သူ့ကိုချစ်တဲ့လူတွေကို အပြီးပိုင်နှုတ်ဆက်ထွက်ခွာသွားတဲ့ သူပါ။ သူချစ်တဲ့ သီချင်းတွေကို လူတွေလွမ်းဆွတ်တမ်းတဖို့ထားခဲ့လေသလား။


သူကတော့ Shinee Jong Hyun ပါ။ စိတ်ဖိအားများပြီး စိတ်ကျရောဂါဝေဒနာကိုခံစားနေရတဲ့ သူဟာ ဆေးသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာဖြစ်ပါတယ်။ သူသေသွားတော့ သူ့မိဘတွေက သူ့ကိုအမြဲ အမှတ်တရရှိနေတဲ့ ပရိတ်သတ်တွေအတွက် ဖောင်ဒေးရှင်း တစ်ခုတည်ထောင်ခဲ့ပါတယ်။


ဖောင်ဒေးရှင်း နာမည်ကတော့ Shiny Foundation ပါတဲ့။ အမြဲတမ်း မျက်နှာမှာ အပြုံးပန်းတစ်ခုကိုပန်ဆင်ထားပြီး တောက်ပနေတဲ့သူ့ကို လူတွေအမှတ်ရနေစေဖို့ပေါ့။ Shiny Foundation ရဲ့ဆောင်ပုဒ်ကတော့ “the stories you left behind, the stories we’ll continue to write” ဖြစ်ပါတယ်။ မင်းချန်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ငါတို့ ပြန်ရေးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ဖောင်ဒေးရှင်းဟာ တစ်စုံတစ်ခုမှာတော်ပြီး ထူးချွန်ထက်မြက်နေတဲ့ ကျောင်းသားလူငယ်တွေ သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ငွေကြေးမတတ်နိုင်တဲ့အခါမျိုးမှာ ကူညီတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


ယနေ့ သူဆုံးတာတစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Shiny Foundation ကကျောင်းသားများနဲ့အတူ ပွဲပြုလုပ်ခဲ့ပါတယ်။


Shiny Foundation ကပြုလုပ်တဲ့ Jong Hyun ရဲ့ နှစ်ပတ်လည်ပွဲကို Shinee အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Onew ကတော့ စစ်မှုထမ်းနေရတဲ့အတွက်တက်ရောက်ခွင့်မရခဲ့ပါဘူး။ တခြား Jong Hyun နဲ့ရင်းနှီးတဲ့ အဆိုတော်များဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Tae yeon နဲ့ Yoona ၊ Red Velvet အဖွဲ့ဝင် Yeri တို့ကတက်ရောက်ခဲ့ကြပါတယ်။







18 Dec 2018     1,400 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS