BEC-TERO TV

ကမ်းနားတွင် အဝတ်လျှော်နေစဉ် ရေးစီးကြမ်းနဲ့အတူ သားအမိသုံးဦး မျောပါသွား (ရုပ်သံ)

18 Dec 2018     1,332 Views


ဖိလစ်ပိုင်နိုင်ငံ ဒါဘာအိုမြို့ရှိ တမူဂမ်မြစ်ကမ်းစပ်တွင် ကလေး ၃ ဦးနဲ့အတူ မိခင်ဖြစ်သူတို့ အဝတ်လျှော်နေစဉ် ရုတ်တရက်ရေစီးကြမ်းလာပြီးနောက် မြစ်ထဲကို မျောပါသွားခဲ့ကြသည်။

မြစ်ကူးတံတားတစ်ခုအရောက်တွင် တံတားအောက်ခြေက ကွန်ကရစ်တိုင်လုံးတွေကို ဖက်တွယ်ထားကြရပါတယ်။

သူတို့ မိသားစု ၄ ဦး အော်ဟစ်အကူအညီတောင်းသံကို တံတားပေါ်က လူတွေကြားသွားပြီး တံတားပေါ်ကနေ ကြိုးတွေနဲ့ဆင်းကာ ရေစီးသန်နေတဲ့ မြစ်ထဲမှာ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရပါတယ်။


ကယ်ဆယ်ရေးသမားတွေဟာ တံတားအောက်ကို ကြိုးနဲ့ လျောဆင်းပြီး မိသားစု ၄ ယေနက်ကို တစ်ယောက်ချင်းစီပြန်လည် ဆယ်တင်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ မိခင်နဲ့ ကလေး ၃ ယောက်စလုံး မည်သည့် ဒဏ်ရာမျှမရပဲ တံတားပေါ်ကို အောင်မြင်စွာ ပြန်လည်ဆယ်တင်နိုင်ခဲ့ပါတယ်။


18 Dec 2018     1,332 Views




RELATED

Most Popular of Special or Others

Most Popular of NEWS