BEC-TERO TV

တိုင်ရွန်နဲ့ရည်းစားတွေလားလို့ ပြောခံနေရတဲ့အပေါ် ဖြေရှင်းချက်ထုတ်လိုက်တဲ့ နေခြည်ဦး

18 Dec 2018     1,425 Views


ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာသာမက အနုပညာလောကထဲမှာပါ မသိသူမရှိလောက်အောင် တစ်နေ့ထက်တစ်နေ့အောင်မြင်မှုတွေတိုးလို့ ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးလဲပြေပြစ်သူတစ်ယောက်ပါ။ အားပေးဝန်းရံနေသူတွေများစွာရှိသလို ဝေဖန်တိုက်ခိုက်သူတွေကလဲ ဒုနဲ့ဒေးရှိပေမယ့် ချီချီကတော့ အမြဲအပြုံးမပြတ် ပျော်ရွှင်စွာပဲသူမရွေးချယ်ထားတဲ့လမ်းကိုသာ ဆက်လက်လျှောက်လှမ်းနေသူပါ...


အချစ်ရေးနဲ့ပတ်သက်ရင်လဲ ဖုံးကွယ်ထားခြင်းမရှိပဲ Public မှာချပြတတ်သူပါ။ မကြာသေးခင်ကပင် ရည်းစားဖြစ်သူနဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ နေခြည်တစ်ယောက် သရုပ်ဆောင်မော်ဒယ် တိုင်ရွန်နဲ့ ဖက်လဲတကင်းတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့် ရည်းစားတွေဖြစ်နေပြီလားဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ချီချီက တိုင်ရွန်နဲ့အတူ မီဒီယာတွေနဲ့အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။



နှစ်ယောက်သားချစ်သူတွေဖြစ်နေကြပြီလားဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ တိုင်ရွန်ကရယ်နေခဲ့ပြီး နေခြည်ဦးက “ညီမတို့အနုပညာလောကထဲမှာ ညီမတို့လို ပွင့်ပွင့်လင်းလင်းခင်တဲ့သူငယ်ချင်းတွေ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြတဲ့သူငယ်ချင်းတွေဆိုတာ ရှားပါတယ်။ ညီမတို့သာကြိုက်နေရင် ပေါ်တင်ကြိုက်နေတယ်လို့ပြောမှာ။ အခုကညီမတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်တယ်။ ညီမတို့ခင်မင်မှုကို ပရိသတ်ကအဲ့လိုပြောလို့ဆိုပြီးတော့ ဟန်ဆောင်ပြီးလဲနေမှာမဟုတ်ဘူး။ ညီမတို့က သူငယ်ချင်းသံယောဇဉ်ရော ဒီအလုပ်အတူတူလုပ်နေတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ပိုပြီးတော့ စည်းလုံးတယ်။ ပရိသတ်ကိုလည်း နေခြည်တို့နှစ်ယောက်ကို အဲ့လိုကြီးသမုတ်နေမယ့်အစား နှစ်ယောက်အနုပညာလောကမှာ အတူတူလုပ်နေတယ်လို့ပဲမြင်စေချင်တယ်” ဆိုပြီး တိုင်ရွန်နဲ့အထင်လွဲနေတာတွေကို ဖြေရှင်းသွားခဲ့ပါတယ်။



တိုင်ရွန်ကလဲ “ကျွန်တော်တို့သူငယ်ချင်းတွေက အပြင်မှာလည်း ယောကျာ်းလေးနဲ့မိန်းကလေး အဲ့လိုပဲပေါင်းသင်းတယ်။ ဒါပေမယ့် အနုပညာလုပ်နေတာက သူနဲ့ကျွန်တော်နဲ့လုပ်နေတာဖြစ်တဲ့အတွက် ကျန်တဲ့သူတွေကိုပရိသတ်တွေက မသိတာပေါ့နော်။ ကျွန်တော်တို့အုပ်စုထဲမှာ သူ့လိုမျိုးမိန်းကလေးသူငယ်ချင်းတွေအများကြီးရှိတယ်။ အဲ့လိုပဲ အတူတူလက်ပွန်းတတီးပဲနေကြတာပဲ” လို့ပြောပြသွားပါတယ်။ ကဲ ပရိသတ်ကြီးလဲ တိုင်ရွန်နဲ့နေခြည်ဦးတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေမို့ အမြင်ရှင်းသွားပြီလို့ ထင်ပါတယ်နော်...


18 Dec 2018     1,425 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS