BEC-TERO TV

ချွေးတောင်မထွက်လိုက်ဘဲ ၂ မိနစ်အတွင်း ဒေါ်လာ ၉ သန်း ပိုင်ဆိုင်ခဲ့တဲ့ မေဝယ်သာ

02 Jan 2019     1,738 Views


ရှုံးပွဲမရှိမှတ်တမ်းနဲ့ လက်ဝှေ့လောကကနေ အနားယူထားပေမယ့် တစ်ချက်တစ်ချက်ငွေရပေါက်ကြုံလာရင် အချီကြီးဝင်ကြံတတ်တဲ့ မေ၀ယ်သာဟာ နှစ်သစ်ကူးမှာ ဂျပန်နိုင်ငံကနေ အသက် ၂၀ ကလေးကို အနိုင်ယူပြီး ဒေါ်လာ ၉ သန်းကို လွယ်လွယ်လေးပဲပိုက်ပြီး ပြန်လာနိုင်ခဲ့ပါပြီ။

ဒီဇင်ဘာလ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ထိုးသတ်ကစားခဲ့တဲ့ပွဲမှာ လက်ဝှေ့ကျော် မေဝယ်သာဟာ အသက် ၂၀ နှစ်အရွယ် ဂျပန်ကစ်ဘောက်ဆင်ကစားသမားလေး နာဆူကာဝါကို ပထမအချီ ၂ မိနစ်အကျော်အတွင်းမှာပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။


အဆိုပါပွဲစဉ်မှာ အသက် ၂၀ အရွယ် နာဆူကာဝါဟာ ကစ်ဘောက်ဆင်ကစားသမားဖြစ်ပြီး ခြေကန်ချက်ကိုအားသာတဲ့ အတွက်ကြောင့် ခြေထောက်ကို အသုံးချခွင့်မရရှိခဲ့တာကြောင့် မေဝယ်သာ၏ ခန္ဓာကိုယ် တောင့်တင်းမှု ကို မတိုးနိုင်ခဲ့ပါဘူး ။ ဒါတွေကြောင့်လည်း ဘယ်လိုမှယှဉ်မထိုးနိုင်တာကြောင့် ပထမအချီမှာပဲ ၃ ကြိမ်လဲကျခဲ့ပြီးနောက် သူ့ရဲ့အဖွဲ့က ပုဝါဖြူပြပြီးအရှုံးပေးလိုက်တာပါ။ ပွဲသိမ်းသွားချိန်မှာတော့ မေ၀ယ်သာဟာ စင်ပေါ်မှာ ပရိသတ်တွေကို ကပြခဲ့ပြီး ဂျပန်လူငယ်လေးကတော့ ၀မ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့တာကို တွေ့ မြင်ခဲ့ရပါတယ်။


ပရိသတ် ၃၇၀၀၀ ကျော်ရှေ့မှာ သွေးတောင်မပူဘဲ သက်သက်သာသာ အနိုင်ရရှိသွားတဲ့ မေ၀ယ်သာကတော့ အဲဒီပွဲကနေ ထိုးသတ်ကြေး ဒေါ်လာ ၉ သန်းရရှိမှာဖြစ်ပါတယ်။ မေဝယ်သာကို twritter ပေါ်မှာ ၂၀၁၈ ကနေ၂၀၁၉ အကူးအပြောင်းက သိပ်ကိုလှပလွန်းတယ်လို့ မှတ်ချက်ပေးမှုတွေလည်းရှိခဲ့ပါတယ်။ မေ၀ယ်သာဟာ ပြိုင်ဘက်ကစားသမားလေးကို နှစ်သိမ့်တဲ့အနေနဲ့ အဲဒီပွဲကရတဲ့ ဆုတံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။


မေဝယ်သာ သာ လက်ဝှေ့ကစားသမား ဘဝမှာ ရှုံးပွဲ လုံးမမရှိသေးဘဲ ဂျပန်ကစားသမားလေး နာဆူကာဝါ ဟာ လည်း တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ ၃၂ ပွဲကစားပြီး ရှုံးပွဲလုံးဝမရှိခဲ့သူဖြစ်ပါတယ်။ အခုတော့ မေ၀ယ်သာကြောင့် သူ့ရဲ့ဘ၀မှာ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပါပြီ။


02 Jan 2019     1,738 Views




RELATED

Most Popular of Boxing

Most Popular of NEWS