BEC-TERO TV

အအေးမိလည်ချောင်းနာခံစားရနေတဲ့သူတွေအတွက်အကောင်းဆုံးဆေးနည်းလမ်း

12 Aug 2015     1,967 Views


ဆောင်းရာသီမျာအဖြစ်များတဲ့အအေးမိလည်ချောင်းနာတွေအတွက်လက်ရှိမိမိသောက်နေကျအကိုက်အခဲပျောက်ဆေးတွေထက်ပိုကောင်းတဲ့ နောက်ဆေးတစ်မျိုးရှိပါတယ်။ အဲ့ဆေးကတော့ ASPIPIN ဖြစ်ပါတယ်။ အဲ့ဆေးကတော့ အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ASPIPIN ဆေးပြား(၂)ပြားကိုဖျော်ပြီးတော့လည်ချောင်းနာခြင်းခံစားနေရတဲ့သူကို ပလုတ်ကျင်းခိုင်းတာ လည်ချောင်းထဲမှာငုံခိုင်းတာတွေကိုလုပ်ခိုင်းတဲ့အခါမှာ လည်ချောင်းနာဝေဒနာကို ၂နာရီ အတွင်းမှာ လျော့ပါးသက်သာသွားတာကိုတွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ် လည်ချောင်းနာဝေဒနာထပ်မခံစားရအောင်လည်း ၆နာရီကြာထိန်းထားပေးနိုင်ပါတယ်။MENTHOL ပါဝင်တဲ့ရှူဆေးတွေကို ရှူပေးမယ်ဆိုရင် လည်ချောင်းနာခြင်းတွက်ကို အသုံးဝင်တဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ထိုရှူဆေးက နှာခေါင်းတွင်းမှာအေးမြတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ အေးမြတဲ့ ခံစားချက်ကနေ တစ်ဆင့် နှာခေါင်းပိတ်ဝေဒနာကို သက်သာစေတယ် ပြီးတော့လည်ချောင်းနာခြင်းနဲ့အတူချောင်းဆိုးခြင်းကိုသက်သာစေပါတယ်။

ပျားရည်မှာ ဆိုရင်သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ရှိတယ်။ အဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကဆိုရင် ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အဲ့တွက်ကြောင့် ကလေးငယ်တွေကို အိပ်ရာမ၀င်ခင် အနည်းငယ်တိုက်ကျွေးမယ်ဆိုရင် ညဥ့်နက်သန်းခေါင် ချောင်းဆိုးတက်တဲ့ကလေးငယ်လေးတွက် ညဥ့်နက်သန်းခေါင် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။


12 Aug 2015     1,967 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style