BEC-TERO TV

ကျန်းမာရေးတွက်အသုံးဝင်သောဝိုင်

12 Aug 2015     1,381 Views


ဝိုင်သည် လူတွေကို ပျော်ရွှင်မှုကိုပေးရုံသာမက ကျန်းမာရေးကိုပါ အများကြီး အထောက်အကူပြုပါတယ်။ဝိုင်ကို တစ်နေ့မှာတစ်ခွက်သောက်ရုံနဲ့ တစ်နေ့တာလုံး ကျန်းမာပြီးတော့ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်။

ဝိုင်ကိုသောက်ခြင်းဖြင့် ရလာမယ့်  အကျိုးကျေးဇူးတွေကတော့ ၀မ်းဗိုက်ကြွက်သားတွေကို လှပစေပါတယ် ၊ ၀မ်းဗိုက်ကြွက်သားတွေ အဆီမတက်လာအောင် ၊ ၀ိတ်မတက်အောင်လည်း  ထိန်းသိမ်းပေးထားပါတယ်။ဝိုင်တွေထဲမှာမှ ၀ိုင်အနီရောင်ဟာ ဆိုရင် အခြားအယ်ကိုဟော ဓာတ်ပါတဲ့ ယမကာတွေထက်ပိုပြီးတော့ လျော့ကျပေးနိုင်ပါတယ် ။

ဝိုင်သောက်တဲ့ မိန်းကလေးတွေက ၀ိုင်မသောက်တဲ့ မိန်းကလေးတွေထက်ကိုယ်အလေးချိန်ကိုပိုမိုလျော့ကျစေပြီးတော့  အလေးချိန်ထိမ်းသိမ်းရာမှာလည်း ပိုပြီးတော့အဆင်ပြေစေပါတယ်လို့သုတေသနပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ် ။ ထို့ပြင် အရွယ်တင် နုပျိုစေပါတယ်။

ဝိုင်ရဲ့ အဓိကကုန်ကြမ်းက စပျစ်သီး ဖြစ်ပြီး စပျစ်သီးမှာက အကောင့်ဒ်ဓာတ် ဓာတ်တွေအများကြီးပါတဲ့ အတွက် သူရဲ့ အဓိက အားသာချက်က ကင်ဆာရောဂါကို ကာကွယ်ပေးတယ် ပြီးတော့ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ နေ့တိုင်း ၀ိုင်တစ်ခွက်သောက်မယ်ဆိုရင် သွေးဖိအားမြင့်တက်မှုကိုလည်း ကာကွယ်ပေးပါတယ်။ 

ဝိုင်သောက်ခြင်းက နှလုံးရောဂါ ဖြစ်တာကို ကာကွယ်ပေးတယ် ၊ နှလုံးကို ကောင်းစေတယ်။ နောက်ထပ် အားရဖွယ်ကောင်းတဲ့ အချက်တစ်ချက်က ၀ိုင်သောက်တဲ့ အခါမှာ ကာကွယ်နိုင်တဲ့ နှလုံးရောဂါက  အားကစားလုပ်လို့ ကာကွယ်နိုင်တဲ့ နှလုံးရောဂါနဲ့  ဖြစ်နိုင်ချေ အတူတူဖြစ်တဲ့ အတွက် ၀ိုင်တစ်ခွက်သောက်မယ်ဆိုရင် ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကို လျော့ကျပေးနိုင်ပါတယ်။  ပြီးတော့ မှတ်ဥာဏ်အားကိုလည်းတစ်နေ့တစ်ခြားတိုးစေပါတယ်။

ဝိုင်မှာပါတဲ့ ဒြပ်ပေါင်းတွေက မျက်လုံးအတွင်းမှာ ရှိတဲ့ သွေးကြောတွေကို ပိုမိုကောင်းစေတဲ့အတွက်အမြင်အာရုံကိုပိုပြီးတော့ကောင်းစေပါတယ်။ အရွယ်အိုသွားသည့်တိုင် အမြင်အာရုံကိုကြည်လင်စေပြီးတော့ မှတ်ဥာဏ်အားကောင်းစေမှာဖြစ်တဲ့ အတွက် တစ်နေ့တစ်ခွက်သောက်သုံးသင့်ပါတယ်။ 

ဝိုင်က အစားအသောက်တွေထဲမှာ ကောင်းကျိုးပေးစွမ်းနိုင်တဲ့ အစားအစာတစ်မျိုး လို့လည်းပြောလို့ ရသေးပါတယ်။ အစာတစ်မျိုးဖြစ်တဲ့ အတွက် ကျန်းမာရေးတွက်သာမက ဖက်ရှင်ကျကျသောက်လိုသူတွေ ၊ ဆိုရှယ်ကျတဲ့ စကားဝိုင်းတွေမှာ ၀ိုင်ကိုသောက်မယ်ဆိုရင် ကျန်းမာရေးတွက်ကောင်းပြီး အပျော်ဓာတ်ခံရရှိစေပါတယ်။


12 Aug 2015     1,381 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style