BEC-TERO TV

အသက်ရူတိုင်း ဝင်ငွေ ရနေတဲ့ ရော်နယ်ဒို

07 Jan 2019     1,371 Views


ကမ္ဘာကျော် ဘောလုံးသမား ရဲ့ သူတို့ ရဲ့ စပွန်စာ ဝင်ငွေ နဲ့ တစ်နှစ်တာ ဝင်ငွေကိုတော့ တိတိ ကျကျ သိရဖို့တော့ ခက်ခဲ့ပါတယ်။ ရတဲ့ ဝင်ငွေအလိုက် ပေးဆောင်ရမဲ့ ဝင်ငွေခွန်ကို ရှောင်ရှားချင်လို့ပါပဲ။ ရော်နယ်ဒို ဟာ ပေါ်ပျူလာ အဖြစ်ဆုံး ဘောလုံးလောကမှာ ဝင်ငွေ ကောင်းတယ်ဆိုတာ လည်း အများသိကြပါတယ်။ ဒါပေမဲ့ သူရဲ့ဝင်ငွေကို တော့တိတိကျကျတော့ မသိရှိသေးပါဘူး။

ကမ္ဘာကျော်တဲ့ forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးဖော်ပြမှုအရ ဘောလုံးသမားတွေထဲမှာ ဝင်ငွေအများဆုံးကစားသမားမှာ စီရော်နယ်ဒိုဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝကအနားယူပြီးခဲ့ရင်တောင်မှ စပွန်ဆာစာချုပ်တွေအရဝင်ငွေပေါင် သန်း ၇၀၀ ကျော်ဆက်ရဖွယ်ရှိတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရော်နယ်ဒိုဟာ Instagram မှာပထမဦးဆုံး Followers သန်း ၁၅၀ ပြည့်တဲ့သူဖြစ်လာပြီး သူရဲ့ဆိုရှယ်မီဒီယာတွေအပေါ်က ဝင်ငွေရှာနိုင်မှုကလည်း အံ့မခန်းဖြစ်ကာ သူ့အင်စတာဂရမ်အကောင့်ကနေ ကြော်ငြာ ပို့စ်တခုတင်တိုင်းတင်တိုင်း ပေါင် ၅ သိန်းကျော်ရရှိပါတယ်။


ရော်နယ်ဒိုဟာ လက်ရှိကြော်ငြာဝင်ငွေကရရှိတဲ့အထဲမှာ ကမ္ဘာကျော်အမေရိကန်အားကစားကုမ္ပဏီNike နဲ့ချုပ်ဆိုထားတဲ့ဘဝတသက် တာ(lifetime) စာချုပ်တန်ဖိုးဟာအမြင့်ဆုံးဖြစ်ပြီး ပေါင် ၇၈၁ သန်းတန်တယ်လို့ဆိုပါတယ်။ ဒါဟာလည်း အားကစားလောကမှာ စပွန်စာ အရရှိဆုံးကစား သမားသုံးဦးမြောက်ဖြစ်လာပါတယ်။

ရော်နယ်ဒိုနဲ့ လက်ရှိချုပ်ဆိုထားတဲ့စပွန်ဆာစာချုပ်များ Nike (တန်ကြေးပေါင် ၇၈၁ သန်း) ၊ Castrol (တန်ကြေး ပေါင် ၁၄ သန်း+) ၊ ZTE (တန်ကြေးပေါင် ၄ သန်း) ၊ EA Sports (တန်ကြေးမဖော်ပြ) ၊ Emporio Armani (တန်ကြေးပေါင် ၃.၈ သန်း) ၊ Herbalife (တန်ကြေးပေါင် ၁.၉၅ သန်း) ၊ KFC (တန်ကြေးပေါင် ၁.၇ သန်း) ၊ Clear Shampoo (တန်ကြေးပေါင် ၁.၅ သန်း) ၊ PanzeerGlass (တန်ကြေးပေါင် ၇၈၀,၀၀၀) ၊ American Tourister (တန်ကြေးပေါင် ၃၁၂,၀၀၀) တို့ဖြစ်ပါတယ်။


07 Jan 2019     1,371 Views




RELATED

Most Popular of Football

Most Popular of Sport