BEC-TERO TV

ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးလိုက်တဲ့ ရွှေမှုန်ရဲ့ကြော်ငြာ

11 Jan 2019     1,333 Views


ရုပ်ရှင်သရုပ်ဆောင် ရွှေမှုန်ရတီကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးမှုများစွာကိုရရှိထားသူဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းအပြင် ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ တည်ထောင်ထားသူလဲဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင်ပိုင်းမှာပဲဇောက်ချပြီး လုပ်ကိုင်နေတဲ့ ရွှေမှုန်တစ်ယောက် ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ကြော်ငြာရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Shining Star ကျောက်မျက်ရတနာကြော်ငြာတစ်ခုအတွက် ကိုယ်တိုင်သရုပ်ဆောင်ရုံတင်မက ကိုယ်တိုင်ဒါရိုက်တာပါလုပ်ကာ ညွှန်ကြားရိုက်ကူးခဲ့တာဖြစ်ပါတယ်။

သူမရဲ့စတိုင်အတိုင်း ခပ်ဂေါ်ဂေါ်ပဲရိုက်ကူးထားတာဖြစ်ပြီး ကြော်ငြာရဲ့အညွှန်းကိုလည်း သေချာစဉ်းစားပြီး ဒါရိုက်တာလုပ်ကာ အကောင်းဆုံးရိုက်ကူးခဲ့တာဖြစ်ကြောင်းကိုပါ ယခုလိုပဲပြောပြထားပါတယ်။ “ညီမကို ကြော်ငြာရိုက်ဖို့လာချိတ်တဲ့အချိန်မှာ ရိုးရိုးပဲ သရုပ်ဆောင်အနေနဲ့ပဲဌားတယ်ထင်တာ။ မဟုတ်ဘူး သူကညီမရိုက်တင်တာလေးတွေကို သဘောကျတာ။ အဓိကက အာကာတိုးနဲ့ မောင်နှမနှစ်ယောက် တိုင်ပင်ပြီးလုပ်ကြတာပါ”

“ညီမက ဒါရိုက်တာဆိုပေမယ့် သူနဲ့နှစ်ယောက်တိုင်ပင်ပြီးမှ လုပ်တာပါ။ ညီမက Story လေးပဲစဉ်းစားတာ၊ ရိုက်ချင်တွေနဲ့ Lighting တွေက သူစီစဉ်ပေးထားတာပါ။ ညီမတို့နှစ်ယောက် အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတာတွေကို ပရိသတ်တွေကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးအဖွင့်မှာတင် အကျွေးလေးနဲ့စလိုက်တာ ဂေါ်တယ်လို့ပြောနေကြလို့ အဲ့ထက်ပိုဂေါ်အောင် ကျောလေးနဲ့ အဖွင့်လေးကို သပ်သပ်စဉ်းစားထားတာပါ။ နည်းနည်းတော့ ဂယက်ထစရာလေးဖြစ်တာပေါ့”

လက်ဝတ်ရတနာကြော်ငြာလေးဖြစ်နေလို့ သူတို့ကို အဲ့လိုမျိုးရိုက်ပေးရမယ်ထင်လို့ ရွေးချယ်ဖြစ်သွားတာ။ ဆိုင်ပိုင်ရှင်တွေကလည်း အရမ်းသဘောကောင်းတယ်။ ညီမလုပ်ချင်တဲ့ အိုင်ဒီယာပေါ်မှာ လွတ်လွတ်လပ်လပ်ခွင့်ပြုထားတာမို့ ညီမအကောင်းဆုံးဖြစ်အောင် ပိုပြီးလုပ်ပြထားတာပါ” ဆိုပြီး သူမကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ဖြစ်ခဲ့တဲ့ ကြော်ငြာလေးနဲ့ ပတ်သက်ပြီး ပြောပြသွားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ခပ်ဂေါ်ဂေါ်ပဲ ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့ ရွှေမှုန်ရဲ့ကြော်ငြာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။



11 Jan 2019     1,333 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment