BEC-TERO TV

ဂိုးသွင်းသူ ထိုင်ငိုလောက်စေလောက်တဲ့ ဒီဂီယာ၏ အံ့မခန်း ကာကွယ်မှု

14 Jan 2019     2,195 Views


ဒီဂီယာ ရဲ့ ညက စွမ်းဆောင်ရည်ဟာ မန်ချက်စတာ ယူနိုက်တတ်ဖန်တွေ အတွက် ပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ပြီး အသင်းနိုင်ပွဲရရှိအောင်အဓိကနေရာမှ ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ ဒီဂီယာဟာ တော့်တင်ဟမ် အသင်းရဲ့ အကောင်းဆုံးကာကွယ် လက်စွမ်းပြခဲ့ပြီး အပိုင်ရဂိုးပေးရမဲ့ အခြေအနေ ကို အကောင်းဆုံး ကာကွယ်မှု ၃ ကြိမ်ထက်မနည်း အံ့အားသင့်စွာ စွမ်းဆောင်ပြထားနိုင်ခဲ့တာဖြစ်ပါတယ်။


ဒုတိယ ပိုင်းမှာ ၁- ၀ ဖြင့် ဦးဆောင်ခြင်းခံထားရတဲ့ တော့တင်ဟမ် အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်း ထောင့်ကျဉ်းကန်သွင်းမှု ၊ အယ်လီ ၏ အပိုင်ကန်သွင်းမှု ၊ အပိုင်ခေါင်းတိုက်ခွင့်  တို့ကို အကောင်းဆုံး လက်စွမ်းပြကာကွယ်မှု ပြုလုပ်ထားနိုင်တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ဒီဂီယာ၏ အံ့ဖွယ် စွမ်းဆောင်ရည် >>

မန်ချက်စတာ ယူနိုက်တတ်အသင်းက နောက်အပါတ် ပရီးမီးယာလိဂ် ပွဲစဉ် ၂၃ အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ယူနိုက်တတ်အသင်း နည်းပြဆိုးရှား နဲ့အတူ နောက်ထပ် နိုင်ပွဲထပ်ယူ နိုင်မလားစောင့်ကြည့်သွားရမည်ဖြစ်ပါတယ်။


14 Jan 2019     2,195 Views




RELATED

Most Popular of Football

Most Popular of Sport