BEC-TERO TV

မြန်မာဘောလုံးလောကနေ ရုတ်တရက် အနားယူလိုက်တဲ့ ဦးကြည်လွင်

16 Jan 2019     1,441 Views


မြန်မာ့လက်ရွှေးဇင် လက်ထောက်နည်းပြ ဦးကြည်လွင်ဟာ ဘောလုံးလောကမှ  ရုတ်တရက် အနားယူလိုက်ပြီလို့ သိရပါတယ်။ 

“နှုတ်ဆက်ခဲ့ပါတယ် ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းလိုက်ပါပြီ လို့ သူ၏ ဖေ့ဘုတ်မှာ ကြေညာလိုက်ပါတယ်။ ဘောလုံးလောက ထဲ့ကိုလည်း နောက်ထပ် ပြန်မလာတော့ပါဘူး ၊ ကြိုက်တာပြောလို့ရတယ် ၊မြန်မာဘောလုံးချစ်ပရိတ်သတ် တွေကို နှုတ်ဆက်ခဲ့ပါတယ်။ " လို့  ဦးကြည်လွင်ရဲ့ FB Account မှာတင်ထားတာပါ။

 

ဒီနေ့မနက်ပဲ ကျွန်တော့်ကို အဖွဲ့ချုပ်စီအီးအိုက ဖုန်းနဲ့ဆက်သွယ်လာပြီး ရုံးခဏလာဖို့ ပြောပါတယ်။ ကျွန်တော်က ဘာကိစ္စ ရှိလို့ပါလဲလို့ ပြန်မေးတဲ့အခါစာချုပ်ဖျက်သိမ်းချင်လို့ပါဆိုပြီး ပြောလာပါတယ်။ဒါနဲ့ ဒါဆို ကျွန်တော် လာစရာ မ လိုတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်။” လို့ သိရပါတယ်။

ဦးကြည်လွင် ဟာ ၂၀၁၉ ဆီးဂိမ်းအထိ စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပြီး အခုလို စာချုပ်မပြည့်မီ တာဝန်ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာတော့ စာချုပ်ပါအချက်အလက်အရ ရရှိမယ့် လျော်ကြေး တွေ ကိုလည်း ဦးကြည်လွင်က စိတ်မဝင်စားတော့ဘူးလို့ သိရပါတယ်။

“ ကျွန်တော် စာချုပ်ပါ အချက်အလက်တွေလည်း စိတ်မဝင်စားတော့ပါဘူး။ အားလုံး ကြိုက်တာ ပြောနိုင်ပါ တယ်။ ဦးဇော်ဇော်လည်း ကြိုက်တာ ပြောနိုင်ပါတယ်။အခု ကျွန်တော် မကွေးအသင်းနဲ့အတူ ရှိနေပါတယ်။” လို့ ဦးကြည်လွင်က ဆက်လက်ပြောပါတယ်။

ဦးကြည်လွင်ကို တာဝန်ရပ်ဆိုင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ဒီကနေ့ နေ့လည် ၂ နာရီမှာကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပေးမယ်လို့ လည်းသိရပါတယ်။

ဦးကြည်လွင်ရဲ့ နေရာမှာတော့ နိုင်ငံခြားသား နည်းပြတစ်ဦးကို အစားထိုးခန့်အပ်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

 


16 Jan 2019     1,441 Views




RELATED

Most Popular of Football

Most Popular of Sport