BEC-TERO TV

အပြန်အလှန်သွင်း ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်

20 Jan 2019     1,248 Views


ချန်ပီယံပြေးလမ်းပေါ်မှာ ဦးဆောင်နေတဲ့ လီဗာပူးလ် အသင်းဟာ ထုံးစံအတိုင်း တိုက်စစ်ပိုင်းက ဖာမီနို ၊ မာနေး ၊ ဆာလတ် ၊တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာ ဖာဖင်ဟို ၊ ဟန်ဒါဆန် ၊ ကီတာနဲ့ နောက်တန်းမှာ မာတစ် ၊ ဗန်ဒိုက် ၊ ရော်ဘတ်ဆန် နဲ့ ဂျိမ်းမီနာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

ခရစ်စတယ်ပဲလေ့စ် အသင်းက တိုက်စစ် က ဂျော်ဒန် အရူး ၊ ဇာဟာ ၊ မက်အာသာ ၊ ကော့ရိတ် ၊ မီလီဗိုဂျက်တစ် ၊ တောင်ဆန်တို့နဲ ၊ နောက်တန်းမှာ ဆာခို ၊ အန်ဟော့ ၊ တွန်ကင်စ် ၊ နဲ့ ဘီဆာကာ တို့နဲ့ ၂-၅-၁ ပုံစံနဲ့ပွဲထွက်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘောအသာစီး ၊ ခြေအသာစီး နဲ့ ကစားထားနိုင်ခဲ့ပေမဲ့ ဂိုးကံခေ ခဲ့ပြီး ၃၄ မိနစ်အရောက်မှာ ဇာဟာ ရဲ့ဖန်တီး ပေးပို့မှုမှတဆင့် တောင်ဆန်က သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းအပြီး ၀-၁ ဖြင့်ဦးဆောင်ခြင်းခံထားရတဲ့ လီဗာပူးလ်အသင်းဟာ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခဲ့ပြီး ၄၆ မှာဆာလတ်ရဲ့ ၊ ၅၃ မိနစ်မှာ ဖာမီနို ၊ နဲ့  တဖန် ဦးဆောင်ထားနိုင်ခဲ့ပြီး ၆၅ မိနစ်မှာ တွန်ကင်စ် ရဲ့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

၂-၂ သရေကျနေချိန်မှာ ပွဲဟာ ရမ်သမ်မှန်လာပြီး လီဗာပူးလ်အသင်း၏ တိုက်စစ်ဆင်မှုမှ တဆင့် ၇၅ မိနစ်မှာ ဆာလတ်က နောက်တစ်ဂိုး ထပ်မံသွင်းယူထားနိုင်ခဲ့ပါတယ်။ ၈၉ မိနစ် မှာ ဂျိမ်မီနာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဆယ်ယောက်နဲ့ကစားရတဲ လီဗာပူးကပဲ မာနေးနဲ့ ထပ်မံသွင်းယူခဲ့ပါတယ်။ များမကြာမီမှာပဲ ခရစ်စတယ်ပဲလေ့ အသင်းက မေရာ က သွင်းယူပေးခဲပါတယ်။

လီဗာပူးလ်နှင့် ခရစ်စတယ်ပဲလေ့အသင်းဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲကိုမြိုင်စေခဲပါတယ်။ ချန်ပီယံဖြစ်ဖို့အတွက် အားထုတ်နေတဲ့ လီဗာပူးလ်အသင်းကပဲ ၄ - ၃ ဖြင့် အနိုင်သုံးမှတ် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။


20 Jan 2019     1,248 Views




RELATED

Most Popular of Football

Most Popular of Sport