BEC-TERO TV

ကလေးနှစ်ယောက်ကို ကြိုးဆွဲချမသတ်မီ နောက်ဆုံးအနေနဲ့ ချော့ကလက်ဝယ်ကျွေးခဲ့တဲ့မိခင်

22 Jan 2019     1,556 Views


ရုရှားနိုင်ငံက အသက် ၂၇ နှစ်အရွယ် Elena Karimova ဟာ သူမရဲ့  ကလေးနှစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ အမှုရင်ဆိုင် စစ်ဆေးခံနေခဲ့တာ ၉ လကျော်ကြာမြင့်ပြီးနောက် တရားရုံးက ကလေးတွေကို မသတ်မီ သူမရဲ့ နောက်ဆုံးစီစီတီဗီ ရုပ်သံမှတ်တမ်းကို ထုတ်ပြခဲ့ပါတယ်။
 
 
Elena Karimova ဟာ အင်စတာဂရမ်ဖော်လိုဝါ ၂၇,၀၀၀ ကျော်ရှိတဲ့ အွန်လိုင်းပေါ်ကနေ အလှကုန်ပစ္စည်းတွေ မိတ်ဆက် ရောင်းချတဲ့ စီးပွားရေးလုပ်ကိုင်သူလည်းဖြစ်ပါတယ်။ တရားရုံးတော်က ထုတ်ပြလိုက်တဲ့ ရုပ်သံမှတ်တမ်းအရ Karimova ဓါတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း ချော့ကလက်တွေနဲ့ မီးခြစ်ဖြည့်ဆီဗူးတို့ကို ဝယ်ယူခဲ့ပြီး သူမငှားရမ်းထားတဲ့ Kia Rio ကားဆီပြန်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီကားပေါ်မှာ သူမရဲ့  ၄ နှစ်အရွယ် သမီးနဲ့ ၂ နှစ်အရွယ် သားလေးတို့ ရှိနေခဲ့ပါတယ်။
 
 
နောက်ထပ် တစ်နာရီလောက်အကြာမှာတော့ ကလေးနှစ်ဦးစလုံးကို ကြိုးဆွဲချ တ်ခဲ့ပါတယ်။ သူမရဲ့ အစီစဉ်က ကလေးတွေကို ကြိုးဆွဲချသတ်ပြီး တေားထဲတစ်နေရာမှာ ဓါတ်ဆီလောင်း မီးရှို့အစဖျောက်ဖို့ ကြံစည်ထားပေမယ့် မီးရှို့တဲ့အခါ မီးခိုးအူပြီး လူတွေ သိသွားမှာ စိုးရိမ်တာကြောင့် အတန်ငယ်မီးလောင်ပြီးတာနဲ့ ရေနဲ့ညှိမ်းသတ်ပြီး အလောင်တွေကို အိမ်ပြန်သယ်လာခဲ့ပါတယ်။
 
နောက်တစ်နေ့ ဧပြီ ၂၆ ရက်နေ့မှာတော့ မီးလောင်ထားတဲ့အလောင်းတွေကို ဘယ်သူမှအသုံးမပြုတောပဲ ပစ်ထားတာကြာပြီဖြစ်တဲ့ ကုန်လှောင်ရုံဟောင်းကြီးဆီ သယ်သွားပြီး အလောင်းတွေနဲ့အတူ ကုန်လှောင်ရုံကြီးကိုပါ ဆီလောင်းပြီး မီးရှို့ထွက်ခွာခဲ့ပါတယ်။
 
 
မီးလောင်မှုကြောင့် မီးသတ်သမားတွေ လာရောက်ညှိမ်းသတ်ခဲ့ကြပြီး ကုန်လှောင်ရုံထဲမှာ အလောင်းနှစ်လောင်းတွေ့ခဲ့ပါတယ်။ အစပိုင်းမှာ ခွေးတွေရဲ့ အလောင်းလို့ ထင်ခဲ့ကြပေမယ့် သေချာအနီးကပ်ကြည့်တဲ့အခါ ကလေးအလောင်းတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဆိုးဆိုးရွားရွားမီးလောင်ထားတဲ့အတွက် ယောက်ျားမိန်းမတောင် မခွဲနိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။
 
Karimova ရဲ့ကားကို မီးလောင်တဲ့နေရာအနီးမှာ တွေ့လိုက်ရတဲ့ မျက်မြင်သက်သေတွေ ပေါ်လာတာကြောင့် ရဲတွေက ဖမ်းဆီးစစ်ဆေးရာကနေ နောက်ဆုံးမှာ သားသမီးနှစ်ယောက်ကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
Karimova ဟာ ခင်ပွန်းသည်နဲ့ ကွဲပြီးနောက်ပိုင်း ကလေးနှစ်ယောက်နဲ့အတူ စီးပွားရေး အဆင်မပြေပဲ အိမ်ငှားခ၊ ကားငှာခ၊ လစဉ်အသုံးစရိတ်တွေကြောင့် ကလေးတွေကို မထောက်ပံ့နိုင်တော့တဲ့အတွက် ယခုလို အမှားကြီးလုပ်ခဲ့မိကြောင် နောင်တရငိုယိုပြောဆိုခဲ့ပါတယ်။
 
 
Karimova ရဲ့ မိဘတွေကတော့ သူ့သမီးဟာ ကလေးတွေကို အလွန်ချစ်တဲ့သူဖြစ်လို့ ဒီလိုရက်ရက်စက်စက် လုပ်တယ်ဆိုတာ လုံးဝမယုံကြည်ကြောင်း ပြောဆိုပါတယ်။ ဒါပေမယ့် ဒီကလေးတွေဟာ သူမရဲ့ ကလေးတွေဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ခိုင်ခိုင်မာမာပြောဆိုထားပါတယ်။ မကြာမီမှာတော့ အမှုကို အပြီးသတ် စီရင်ချက်ချတော့မှာဖြစ်ပါတယ်။ချတော့မှာဖြစ်ပါတယ်။

22 Jan 2019     1,556 Views




RELATED

Most Popular of Special or Others

Most Popular of NEWS