BEC-TERO TV

တက်တူးအများဆုံး ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် အမှတ်တံဆိပ်ပေါင်း ၄၄၂ ခု ထိုးခဲ့သူ (ရုပ်သံ)

22 Jan 2019     1,818 Views


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ အသက် ၂၇ နှစ်အရွယ် “ဂျေဆင်ဂျော့ခ်ျ” ဆိုသူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ဖို့ ရည်ရွယ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သူနှစ်သက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်များအပါအဝင် သူ့မိသားစုနဲ့ ချစ်သူပုံ အားလုံးပေါင်း တက်တူးပေါင်း ၅၂၁ ခုကို ထိုးထားသူဖြစ်ပါတယ်။
 
 
တက်တူးထိုးထားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေထဲမှာ သူရဲ့ပထမဆုံး ကစားစရာကား၊ ဖုန်း၊ တက်ခဲ့တဲ့ကျောင်း၊ ကောလိပ်၊ အနှစ်သက်ဆုံး သတင်းစာတွေ အပါအဝင် ရုပ်သံချန်နယ်တွေ ကင်မရာ အမှတ်တံဆိပ်တွေနဲ့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အမှတ်တံဆိပ်တွေပါ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ စနစ်တကျ သူနေရာနဲ့သူ အံ့ဝင်ခွင်ကျ ရေးထိုးထားပါတယ်။
 
သူ ၁၆ နှစ်သားအရွယ်မှာ ပထမဦးဆုံးတက်တူးအဖြစ် အရိုးခေါင်းပုံ တစ်ပုံထိုးခဲ့ပါတယ်။ အဲဒီနောက် လက်တစ်ချောင်းလုံးအပြည့် တက်တူးထိုးဖို့ ရည်ရွယ်ခဲ့ပေမယ့် တက်တူးဆရာရဲ့ ပေါ့ဆမှုကြောင့် ပျက်ဆီးသွားခဲ့ပါတယ်။ ဒီအဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ သူကိုယ်တိုင် တက်တူးဒီဇိုင်းဆရာ လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
 
“ဂျေဆင်” ဟာ ကနဦးတုန်းက မာတီမီဒီယာကောလိပ်တက်ခဲ့ပြီး ဓါတ်ပုံဆရာလည်း ဖြစ်ချင်ခဲ့ပါတယ် ဒါပေမယ့် နောက်ပိုင်းမှာ လွပ်လွပ်လပ်လပ်နဲ့ ကိုယ်ပိုင်ဖန်တီးမှုပဲ လုပ်ချင်တာကြောင့် တက်တူးဆရာလမ်းကြောင်းကိုပဲ ရွေးချယ်ပြီး ကျောင်းကနေ ထွက်လိုက်ပါတယ်။
အသက် ၁၇ နှစ်အရွယ်မှာ ကိုကာကိုလာ အမှတ်တံဆိပ်တက်တူး ထိုးခဲ့ပြီး ၂၀၁၄ ခုနှစ်အရောက်မှာတော့ သူ့ခန္ဓာကိုယ်မှာ တက်တူးပေါင်း ၁၄၄ ခု ကို တစ်လထဲ ထိုးနိုင်ခဲ့တဲ့အတွက် ဂင်းနစ်မှတ်တမ်းစာအုပ်ကဲ့သို့ အိန္ဒိယနိုင်ငံအသိမှတ်ပြုမှတ်တမ်းစာအုပ်ဖြစ်တဲ့ လင်မ်ကာစာအုပ်မှာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
 
၂၀၁၅ ခုနှစ်မှာလည်း တစ်လထဲနဲ့ တက်တူး ၁၇၇ ခု ထပ်မံထိုးခဲ့ပြန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ ရက်အတွင်း တက်တူးအခု ၁၀၀ ထိုးခဲ့ပြီး သူ့ရဲ့စံချိန်ကို သူကပဲထပ်မံချိုးနိုင်ခဲ့ပါတယ်။ 
“ဂျေဆင်” ဟာ မွန်ဘိုင်းမြို့မှာ “၂၁ တက်တူးစတူဒီယို” ဆိုပြီ တက်တူးထိုးဆိုင်ဖွင့်ထားပါတယ်၊ သူ့ရဲ့ဆိုင်ကို ခမ်းနားစေဖို့ အမေရိကန်ဒေါ်လာ ၁ သောင်းကျော် (ကျပ် သိန်း ၁၅၀ ကျော်)ဖိုး ရင်းနှီးထားတယ်လို့ ဆိုပါတယ်။
 
 
သူဟာ ငယ်စဉ်ကထဲက လိုဂိုရေးဆွဲတာတွေကို ဝါဿနာပါခဲ့ပြီး ၆ နှစ်သားအရွယ်ထဲက လိုဂိုတွေကို တင်တူးထိုးရင်း ဂင်းနစ်စာအုပ်မှာ ဝင်အောင်လုပ်မယ်လို့ အကြံရခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဝါဿနာနဲ့ ဆန္ဒတွေဟာ အစပိုင်းမှာတော့ မိသားစုတွေနဲ့ ညှိလိုမရပဲ ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ပါတယ် ဒါပေမယ့် သူယုံကြည်ရာကို တစိုက်မှတ်မှတ်လုပ်ရင်း အခုတော့ အိန္ဒိယမှာ ထင်ပေါ်တဲ့ တက်တူးဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
 
 
“ဂျေဆင်” ဟာ ကမ္ဘာ့ဂင်းနစ်စာအုပ်မှာ မှတ်တမ်းဝင်ဖို့ ကြိုးစားနေပြီး အဲဒီအတွက် လျှောက်လွှာတင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ ၁၆,၇၇၁ (ကျပ် သိန်း ၂၅၀ ကျော်) လောက် လိုမှာဖြစ်ပြီး ဒီလောက်များတဲ့ ပိုက်ဆံကို လက်တလောမှာ သူမတတ်နိုင်သေးတဲ့အတွက် ပါဝင်ကူညီကြဖို့ ပြောကြားထားပါတယ်။

22 Jan 2019     1,818 Views




RELATED

Most Popular of Special or Others

Most Popular of NEWS