BEC-TERO TV

နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ ချလ်ဆီးနည်းပြ ဆာရီ

11 Feb 2019     1,281 Views


မနေ့ညက ချလ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ချလ်ဆီးအသင်းနည်းပြ ဆာရီ ရဲ့ ထိုင်ခုံဟာ လှုပ်ခပ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ ချလ်ဆီး ပရိတ်သတ်တွေဟာ နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ ရှေ့တစ်ပတ်ကျော်ကာလကလည်း ဘုန်းမောက်ကို အဝေးကွင်းမှာ 4 ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း  ၂၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး ရှုံးပွဲကို ကြုံတွေ့ ထားခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံးအဝေးကွင်း ၄ ပွဲဆက် ဂိုးမသွင်းခဲ့တာဖြစ်ပြီး ပေးဂိုး က ၁၄ ဂိုးအထိရှိနေခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်ကို ရှုံနိမ့်ခဲ့ပြီး ပေါက်ကွဲနေတဲ့ မန်စီးတီးအသင်းကို ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ချလ်ဆီးပရိတ်သတ်တွေဟာ အပြင်းအထန်ပေါက်ကွဲခဲ့ကြပြီး တစ်ရာသီစာဝယ်ယူထားတဲ့ လက်မှတ်တွေကို ကွင်းထဲ လွှင့်ပစ်ခဲ့ကြပြီး ရလဒ်ဆိုးရွားမှုမှာ အဓိက တာဝန်ရှိတဲ့ နည်းပြဆာရီကို ထုတ်ပယ်ပေးဖို့ အော်ဟစ်ခဲ့ကြပါတယ်။

မန်စီးတီးကို အရေးနိမ့်ပြီးတဲ့နောက်မှာ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့် 4 နေရာကို မန်ယူအသင်းထံ လွှဲပြောင်းပေးလိုက်ရပြီး အဆင့် ၆ နေရာအထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာသူကိုယ်တိုင်ကလည်း နည်းပြရာထူးအတွက်ဖိအားများသွားခဲ့ရပြီလို့ ပွဲအပြီးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

မန်စီးတီးနဲ့ ပွဲအပြီးမှာပဲ ချလ်ဆီးနည်းပြ ဆာရီဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေးပန်းအစားဆုံးဖြစ်လာခဲ့ပြီး ဘွက်ကီတွေက ၂လေး ၁ လေးနဲ့ ဈေးဖွင့်လာကြပါတယ်။ဆာရီနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးကတော့ ” ချဲလ်ဆီးလိုအသင်းမျိုးက နောက်တစ်ရက်မှာ နည်းပြသစ်ပြောင်းလဲလိုက်မယ် ဆိုရင်တောင် အံ့အားသင့်စရာမရှိပါဘူး” လို့ သုံးသပ်သွားခဲ့ပါတယ်။


11 Feb 2019     1,281 Views




RELATED

Most Popular of Football

Most Popular of Sport