BEC-TERO TV

ကျားသစ်တစ်ကောင် ရွာထဲဝင်ဆွဲ လူ ၆ ဦး ဒဏ်ရာရ (ရုပ်သံ)

14 Feb 2019     1,305 Views


အိန္ဒိယနိုင်ငံ ဂျလန်ဒါမြို့အနီးရှိ ကျေးရွာတစ်ရွာထဲသို့ ကျားသစ်ကြီးတစ်ကောင် ဝင်ရောက် သောင်းကျန်းရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ 
 
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ရွာထဲရှိ အိမ်တစ်အိမ်တွင် ကျားသစ်တစ်ကောင် တွေ့တာကြောင့် ရွာသားများက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြသည်။ သက်ဆိုင်ရာ တိရိစ္ဆာန်ကယ်ဆယ်ရေးသမားများ ရောက်လာပြီး ကျားသစ်ကို မေ့ဆေးနဲ့ နှစ်ကြိမ်တိုင် ပစ်ဖမ်းရာ မအောင်မြင်ပဲ ကယ်ဆယ်ရေးသမားများကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရွာထဲလျှောက်ဝင်ပြေးသဖြင့် လူ ၆ ဦး ဒဏ်ရာများ ရရှိခဲ့သည်။
 
 
နောက်ဆုံးတွင် ကျားသစ်ကြီးကို ပိုက်ကွန်နဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး တတိယအကြိမ် မေ့ဆေးထပ်မံပစ်သွင်းခဲ့ရသည်။ လက်ရှိမှာတော့ ကျားသစ်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်သည်။
 

14 Feb 2019     1,305 Views




RELATED

Most Popular of Special or Others

Most Popular of NEWS