BEC-TERO TV

သားဖြစ်သူရဲ့ ချစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဥက္ကာမင်းမောင်ရဲ့ မိခင်

14 Feb 2019     1,590 Views


မော်ဒယ်၊ သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ဂေးတစ်ဦးလို့ ဝန်ခံထားသူဖြစ်ပါတယ်။ လက်ရှိမှာ ဥက္ကာမင်းမောင်ဟာ အမေရိကန်နိုင်ငံ San Diego မှာ ချစ်သူကောင်လေးနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

ဥက္ကာမင်းမောင်ဟာ Mr. Tourism World 2016 ရဲ့ Winner တစ်ဦးပါ။ ယခုလက်ရှိ အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပပြုလုပ်တဲ့ Mr. Tourism World 2019 ပြိုင်ပွဲကြီးမှာ winner တစ်ဦးအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ထိုပွဲကို ဥက္ကာမင်းမောင်ရဲ့ အမေကလဲ သူနဲ့အတူတက်ရောက်ခဲ့ပြီး ရောမမြို့အတွင်းလည်ပတ်ခဲ့ကြပါတယ်။ ဥက္ကာမင်းမောင်ဟာ အမေနဲ့အတူ ပဲရစ် ကိုလည်းသွားရောက်လည်ပတ်ခဲ့ပါတယ်။

Mr. Tourism World ပြိုင်ပွဲအပြီး ဥက္ကာမင်းမောင်က အမေကို ချစ်သူကောင်လေးနဲ့ တွေ့ဆုံပေးဖို့ စီစဉ်ခဲ့ပုံပါပဲ။ သူတို့သုံးယောက် LA မှာ ဆုံတွေ့ကြတဲ့ ဓာတ်ပုံကို instagram စာမျက်နှာမှာ ပို့စ်တင်ခဲ့ပါတယ်။

ပုံထဲမှာ ဥက္ကာမင်းမောင်နဲ့ သူ့ချစ်သူတို့က အမေဖြစ်သူရဲ့ပါးကို  အားပါးတရနမ်းနေကြတာကို တွေ့ရမှာပါ။

မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့ ဘဝအမှန်ကိုလက်ခံပေးပြီး သူ့ချစ်သူကိုပါ သားတစ်ယောက်လို သဘောထားပေးတဲ့ ဥက္ကာမင်းမောင်ရဲ့ အမေကတော့လေးစားစရာပါပဲ။


14 Feb 2019     1,590 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS